September 20, 2024

MT News
၁၆. ၉. ၂၀၂၄

ထွန်းထွန်းမင်းနဲ့ ကျော်စွာဝင်းတို့ ချန်ပီယံလုကြမဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲ (MLWC -9) ပွဲအတွက် စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်မှာ လက်မှတ်ရောင်းချပေးမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီအချိန်မှာ သိမ်ဖြူကွင်းက မြန်မာ့ရိုးရာလက်ဝှေ့ အားကစားခန်းမမှာ ပြုလုပ်မဲ့ MLWC -9 ပွဲမှာ ထွန်းထွန်းမင်းနဲ့ ကျော်စွာဝင်းတို့ ခေါင်ပွဲအပြင် နာမည်ကျော် ရိုးရာကျားတွေဖြစ်တဲ့ ရာမာန်နဲ့ အောင်ခိုင်၊ စောဘဟိန်းနဲ့ မြလုံးချော၊ စိန်လုံးချောနဲ့ စူပါရေချမ်းတို့ တွဲဆိုင်းတွေအပြင် ဆလိုင်းထန်ခွီးရှိန်နဲ့ မောင်ဇော်၊ အောင်ထက်ကျော်နဲ့ အောင်ကိုလတ်တို့ တွဲဆိုင်းတွေပါဝင်မှာဖြစ်ပါတယ်။

MLWC ပွဲအတွက် လတ်မှတ်ဈေးနှုန်းတွေအဖြစ် ကျပ် ၁၀၀၀၀၊ ကျပ် ၂၀၀၀၀၊ ကျပ် ၅၀၀၀၀ နဲ့ ကျပ် ၁ သိန်းတန် ခုံလက်မှတ်တွေ ဝယ်ယူရမှာဖြစ်သလို 09 – 789 951 817 နဲ့ 09 – 666 455 320 တို့ကို ဆက်သွယ်မှာယူနိုင်တယ်လို့လည်း သိရပြီး လက်မှတ်ရောင်းချမှုကိုတော့ လာမယ့် သောကြာနေ့(၂၀.၉.၂၀၂၄)နဲ့ စနေနေ့(၂၁.၉.၂၀၂၄) မှာ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ အားကစားခန်းမမှာ နံနက် ၁၁ နာရီက စတင်ပြီး ညနေ ၄ နာရီအထိ ကိုယ်တိုင်ကြိုတင် လာရောက်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *