September 19, 2024

၁၆.၉.၂၀၂၄
Written By Thandar

ကိုပြည့်မောင်နဲ့ သရုပ်ဆောင်စမိုင်းလ်တို့က ရေဘေးကူညီမှုအတွက် ကျပ်သိန်း ၆၀၀ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

စမိုင်းလ်က “ခိုင်နှင်းဝေ” ပရဟိတဂေဟာအတွက် ရေဘေးအလှူငွေ ကျပ်သိန်း ၃၀၀ နဲ့ နာရေးကူညီမှုအသင်းရဲ့ ရေဘေးကူညီမှုအတွက် ကျပ်သိန်း ၃၀၀ စုစုပေါင်း သိန်း ၆၀၀ လှူဒါန်းခဲ့တာပါ။

မြန်မာပြည်က ပရိသတ်တွေ အားကျရတဲ့ သူမတို့ စုံတွဲက‌တော့ အမြဲတမ်းလိုလို အလှူအတန်း‌တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

ယခင်လပိုင်းထဲက ရေဘေးကူညီရေးလှူတန်းရာမှာ နည်းပါးတယ်လို့ ဝေဖန်ရှုတ်ချခံရမှုတွေရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် ဘယ်တော့မှမလှူတော့ဘူးလို့ ပြောကြားဖူးခဲ့ပေမယ့်လည်း အခုလို ရေဘေးကြုံတွေ့လာချိန်မှာတော လက်မနှေးဘဲ ပါဝင်လှူဒါန်းလာခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *