September 19, 2024

၁၆.၉.၂၀၂၄
Written by Hey Mar

စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတစ်ကြော ကုလားဗလီရပ်ကွက်ဘက်မှာ ရေဘေးအကူအညီဆောင်ရွက်နေစဉ် စေတနာ့ဝန်ထမ်း ပရဟိတအသင်းလူငယ်တစ်ဦး ရေနဲ့မျောပါသေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့ကစက်တင်ဘာ ၁၅ ရက်နေ့လယ် နှစ်နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူလူငယ်က ရှင်ပေါလုအသင်းတော်လူမှုကူညီရေးအသင်းကဖြစ်ပြီး အသက် ၂၆နှစ်အရွယ် စောနော်ဂျာ လို့ သိရပါတယ်။

“လှေပေါ်ကကျတာမဟုတ်ပါဘူး။ ကူညီကယ်ဆယ်လာတဲ့သူတွေကို ကားနဲ့တစ်ဆင့် ဒီဘက်ရေလွတ်ရာကို သယ်အထုတ်မှာ ဖြစ်တာပါ။ ရေစီးသန်နေတဲ့နေရာကို ကားနဲ့ဖြတ်တော့ ကားခုန်ပြီး ပြုတ်ကျတာ၊ ကျတဲ့အရှိန် ခြေလွတ်လက်လွတ်ဖြစ်တာရယ်၊ ရေစီးသန်တာရယ်ကြောင့် မျောသွားတာကို သူ့သူငယ်ချင်းတွေ လိုက်ဆွဲလို့ ပြန်ရလိုက်ပေမယ့် ဆုံးသွားပါတယ်။ ဒီနေ့ သင်္ဂြိုလ်မှာပါ ” လို့ စေတနာ့ဝန်ထမ်း ကိုအောင်မြတ်သူက MT News ကို ပြောပါတယ်။

တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာ ၂၇ ခု ရေဝင်နစ်မြုပ်နေပြီး၊ တောင်ငူခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်က ရပ်ကွက် ကျေးရွာ ၇၈ခု ရေဘေးဒဏ် ခံစားနေရကာ ရေဘေးသင့်ပြည်သူပေါင်း ကိုးသောင်းကျော်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *