September 18, 2024

၁၅.၉.၂၀၂၄
Written By Thandar

ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေက ယနေ့ စက်တင်ဘာ ၁၅ရက်က ပျဉ်းမနားမြို့ လေသာ(တောင်)ရွာ၊ လေသာ (မြောက်)ရွာ အိမ်မရှိတော့တဲ့ အိမ်ထောင်စုတစ်စုကို ကျပ်သိန်း ၂၀ နှုန်းနဲ့ အိမ်ခြေ ၂၅ အိမ်အတွက် ကျ်ပသိန်း ၅၀၀ ၊ အိမ်ထောင်စုတစ်စုကို ကျပ် ၁ သိန်းနှုန်းအပြင် အိမ်သုံးပစ္စည်းတွေ စတင်လှူဒါန်းခဲ့ပါတယ်။

“အမကတော့ ရေဘေးသင့်ပြည်သူတွေလက်ထဲကို ကိုယ်တိုင်သွားရောက်လှူဒါန်းရ‌တာမို့ ပီတိဖြစ်ရပါတယ်။ အလှူရှင်တွေ ယုံကြည်မှုရထားလေမို့ ပိုပြီးယုံအောင် နေရတာပေါ့။ တာဝန်လည်း ပိုကြီးသွားတာပေါ့။ ခုရေဘေးသင့်တဲ့ နေပြည်တော် ပျဉ်းမနား ပထမဦးဆုံးသွားလှူတာပါ။ မြေပြင်မှာဖြစ်ခဲ့တဲ့နေရာတွေ ကြည့်ပြီး လှူဒါန်းတာပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမဟာ ရွာနှစ်ရွာပေါင်းက အိမ်လုံးဝပြိုသွားတဲ့ အိမ်ခြေ ၂၅ အိမ်အတွက် တစ်အိမ်ထောင် သိန်း ၂၀ နဲ့ စုစုပေါင်းသိန်း (၅၀၀) ၊ အိမ်ထောင်စု ၁၀၀ အတွက် တစ်အိမ်ထောင် ကျပ် ၁ သိန်းနှုန်းအပြင် အိမ်သုံးပစ္စည်းတွေကို စ,တင် ကူညီ ဝေမျှပေးခဲ့ပါတယ်။

“အားလုံးပဲ ပီတိ ကုသိုလ်လေးများ ပွားများနိုင်ကြပါစေရှင်”လို့လည်း သရုပ်‌ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမကတော့ စက်တင်ဘာ ၁၂ ရက်က စတင်ပြီး စက်တင်ဘာ ၁၅ ရက်အထိ ၃ ရက်အတွင်း ရေဘေးသီးသန့် အလှုငွေ သိန်း(၆)ထောင် ဝန်းကျင်ခန့် ရရှိထားပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ယနေ့ နံနက်အစောပိုင်းက နေပြည်တော် ပျဉ်းမနားဘက်မှာ အသက်ကယ်လှေ၊ ဘောကွင်း၊ အဝတ်အထည်၊ အစားအသောက်စတာ‌တွေ သွားရောက်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် တခြားလိုအပ်တဲ့ နေရာဒေသတွေကို သွားရောက်လှူဒါန်းမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် ထပ်မံလှူဒါန်းသွားဦးမယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေက ကိုဗစ်ကာလမှာလည်း စွမ်းစွမ်းတမံ ပရဟိတကို လုပ်ဆောင်လာခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *