September 18, 2024

၁၅. ၉.၂၀၂၄
Written by MMAK

◾စပါး Vs အာဆင်နယ်

Super Sunday ညရဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ဘယ်အသင်းအနိုင်ရသွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အဝေးကွင်းအာဆင်နယ်အသင်းမှာ အဓိကကစားသမားတွေ ဖြစ်တဲ့ ဒီကလန်ရိုက်နဲ့ အိုဒီဂတ်မပါနိုင်တာဟာ ဒီပွဲမှာရဲ့ အရေးကြီးဆုံး အချက် ဖြစ်ပါတယ်။ ကြားရက်မှာ ချန်ပီယံလိဂ်ကစားရဖို့ရှိနေသေးတဲ့အပြင် ဒါဘီပြိုင်ဘက်စပါးအသင်း ဖြစ်နေတာကြောင့် ခက်ခက်ခဲခဲ ရုန်းကန်ရဖို့ရှိနေပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ စပါးအသင်းက အိမ်ကွင်းတိုက်စစ်ပိုကောင်းတဲ့ အသင်းဖြစ်ပြီး အာဆင်နယ်အသင်းကို အနိုင်ယူဖို့ သေချာပြင်ဆင်ထားမှာပါ။ အာဆင်နယ်အခက် စပါးအချက်လို့ ပြောလို့ရပြီး စပါးကွင်းမှာတော့ အာဆင်နယ်အသင်း အလွန်ဆုံးရရင် သရေလောက်ပါဘဲ။ သရေကျရင်တောင် ပြားနှစ်ဆယ် အနိုင်ရမဲ့ အိမ်ရှင်စပါးအသင်းကိုဘဲ ရွေးရမှာပါ။

◾ ဝုဗ် Vs နယူးကာဆယ်

ဂယ်ရီအိုနေးရဲ့ ဝုဗ်အသင်းက အသင်းမရွေးဘဲ တိုက်စစ်လိုက်ကစားနေပြီး ဂိုးပေးလိုက်ရရင် ပိုလို့တောင် တောင်စစ်ဖွင့်ကစားတတ်ပါတယ်။ အသင်းကြီးတွေကို တိုက်စစ်ယှဥ်ကစားခဲ့တဲ့အတွက် အာဆင်နယ်ကို နှစ်ဂိုး ချဲဆီးလ်ကို ခြောက်ဂိုးထိ ပေးခဲ့ရပါတယ်။ အခုပွဲမှာ နယူးကာဆယ်အသင်းကို တိုက်စစ်အပြိုင် လိုက်ကစားမယ်ဆိုရင် ဒီပွဲလည်း ဂိုးတွေ ပေးရဦးမှာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ ကစားကွက်နဲ့ ကစားသမားတွေက အရည် အသွေးပိုမြင့်တဲ့အတွက် သူတင်ကိုယ်တင် လိုက်ကစားရင် အိမ်ရှင်ဝုဗ်အသင်း ဂိုးရဖို့ထက် နယူးကာဆယ်အသင်းက ဂိုးရနိုင်ချေ ပိုများပါတယ်။ ဒီပွဲမှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး ပြားခုနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရလည်း နယူးကာဆယ်အသင်း ဂိုးရဖို့ ရှိနေသလို ဝုဗ်အသင်းရဲ့ အားနည်းတဲ့ ခံစစ်ကြောင့် နယူးကာဆယ်အသင်း သေချာပေါက် ဂိုးရမယ်ဆိုတာ သေချာနေပါတယ်။ ဂိုးပိုသွင်းနိုင်တဲ့ နယူးကာဆယ်အသင်းကပဲ အနိုင်ရသွားမယ်လို့ ယူဆထားတဲ့အတွက် နယူးကာဆယ်ဘော်ဒီ ကြိုက်ပါတယ်။

◾ ဂျီရိုနာ Vs ဘာစီလိုနာ

ဒီရာသီမှာ ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအသင်း ပုံစံကောင်းရနေပြီး လေးပွဲကစား လေးပွဲလုံးအနိုင်ရပြီး သွင်းဂိုး ၁၃ ဂိုးအထိ သွင်းထားနိုင်တာ တွေ့ရပါတယ်။ မနှစ်ကရာသီမှာ ချန်ပီယံလ်ဂ်ဝင်ခွင့်ရအောင် ခြေစွမ်းပြခဲ့တဲ့ ဂျီရိုနာအသင်းကလည်း ဒီရာသီမှာ ခြေစွမ်းဆက်ကောင်းနေပြီး တိုက်စစ်က ဂိုးသွင်းကောင်းဆဲ ဖြစ်ပါတယ်။ မနှစ်ကရာသီမှာ ဘာစီလိုနာအသင်းကို နှစ်ကျော့လုံး ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဂျီရိုနာအသင်း အခုပွဲမှာရော ဆက်နိုင်သွားမလား ဘာစီလိုနာအသင်းကပဲ ကလဲ့စားချေ နိုင်ပွဲပြန်ယူသွားမလား စောင့်ကြည့်ရမှာပါ။ ဂျီရိုနာအသင်းက ဘာစီလိုနာအသင်းကို တိုက်စစ်နဲ့ တုံ့ပြန်ကစားလာနိုင်တဲ့အတွက် အိမ်ကွင်းမှာ ဂိုးရဖို့ ရှိနေပြီး တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးသွင်းထားတဲ့ ဘာစီလိုနာ အသင်းလည်း ဂိုးရဖို့ ရှိပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းက တစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး
သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဂိုးပေါင်းကြေး မြင့်မားနေတဲ့အတွက် နှစ်သင်းလုံး ဂိုးရနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိတဲ့အတွက် ဒီပွဲကို ဂိုးပေါ်ကြိုက်ပါတယ်။

◾မိန့်စ် Vs ဝါဒါဘရီမင်

နှစ်ပွဲကစားပြီးချိန်မှာ နှစ်သင်းလုံး နိုင်ပွဲမရသေးသလို ရှုံးပွဲလည်းမရှိထားဘဲ သရေတွေချည်း ရနေတာ ဖြစ်ပါတယ်။ ဒီပွဲက အရှုံးအနိုင် အဖြေပေါ်အောင် ကန်ကြမယ်ဆိုရင် အိမ်ရှင်ဖြစ်တဲ့ မိန့်စ်အသင်းက အခွင့်အရေးပိုသာပါတယ်။ ပြီးခဲ့တဲ့အပတ် စတုဂတ်နဲ့ မိန်စ့် ကစားခဲ့ကြတဲ့ပွဲမှာ မိန့်စ်အသင်းရဲ့ ကစားပုံနဲ့ တိုက်စစ်က တော်တော်လေး အချိန်အဆက်မိမိ ကစားနိုင်တာမျိုး တွေ့ရပြီး တစ်ဖက်သုံးဂိုးစီ သရေကျခဲ့တာကြောင့် အဝေးကွင်းကနေ သုံးဂိုးထိ သွင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဝါဒါဘရီမင်အသင်းက ပုံစံကောင်းမရသေးဘူးလို့ ယူဆထားပြီး အဝေးကွင်းဖြစ်တဲ့အတွက် မိန့်စ်အသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားရဖို့ ရှိပါတယ်။ ဒီပွဲမှာ မိန့်စ်အသင်းက ပြားခုနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ မိန့်စ့်အသင်းရဲ့ ခြေစွမ်းကို ပိုကြိုက်တဲ့အတွက် ပြားခုနှစ်ဆယ်ရင်းပြီး မိန့်စ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾မွန်ဇာ Vs အင်တာမီလန်

မွန်ဇာအသင်းက သုံးပွဲကစားပြီးချိန်မှာ နှစ်မှတ်သာ ရရှိထားပြီး တိုက်စစ်ကလည်း နှစ်ဂိုးသာ ရထားပါတယ် ။ အင်တာမီလန်အသင်းကတော့ ခြေစွမ်းကောင်းနေတဲ့ အသင်းဖြစ်ပြီး တိုက်စစ်က ဂိုးသွင်းကောင်းသလို အင်တာအသင်းရဲ့ခံစစ်ကို ပြိုင်ဘက်အသင်းတွေ တစ်ဂိုးရဖို့တောင် ခက်ခက်ခဲခဲ သွင်းရတတ်ပါတယ်။ ဒီပွဲမှာ အင်တာမီလန်အသင်းက တစ်လုံးလေးဆယ်အရှူံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စားဖြစ်ပါတယ်။ ဘော်ဒီကြေး ဂိုးပေါင်းကြေး ကွာဟနေတာ တွေ့ရပြီး ကြားရက်မှာ မန်းစီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်ကစားရဖို့ ရှိနေတဲ့အပြင် အဝေးကွင်း ဖြစ်နေတာကြောင့် အင်တာမီလန်အသင်း ဘော်ဒီကြေးအောင်ဖို့တောင် ခက်မယ်လို့ ယူဆထားပါတယ်။ အဓိက အချက်ကတော့ အင်တာမီလန်အသင်းရဲ့ ခံစစ်ကို မွန်ဇာအသင်း ဂိုးရဖို့မလွယ်ဘူးလို့ သုံးသပ်ထားပြီး အင်တာမီလန်အသင်းက ကပ်နိုင်သွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

◾ကက်ဂလီယာရီ Vs နာပိုလီ

နည်းပြကြီး ကွန်တီကိုင်နေတဲ့ နာပိုလီအသင်းဟာ လူကာကူကို ခေါ်ယူပြီးနောက်မှာ ခြေစွမ်းပိုကောင်းလာတာ တွေ့ရပြီး ရလဒ်တွေ ကောင်းလာပါတယ်။ ကက်ကလီအသင်းကတော့ သုံးပွဲကစားပြီးချိန်မှာ တိုက်စစ်က တစ်ဂိုးသာ သွင်းထားနိုင်တာ တွေ့ရပြီး ပြီးခဲ့တဲ့အပတ်က လက်ချီနဲ့ပွဲမှာဆို မိနစ်ငါးဆယ်ကျော်လောက် တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ ချေပဂိုးပြန်ရအောင် မသွင်းနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရာသီမှာ ဥရောပပွဲ ကစားဖို့ မရှိတဲ့ နာပိုလီအသင်းကတော့ အမှတ်ပေးပြိုင်ပွဲကို အာရုံစိုက်ကစားလာဖို့ ရှိနေပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ရည်ရွယ်ချက် ထားနိုင်ပါတယ်။ ဒီပွဲမှာ နာပိုလီအသင်းက တစ်လုံးခြောက်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဒီကြေးက နာပိုလီအသင်း သေချာပေါက် ဂိုးရဖို့ ရှိနေပြီး အမှတ်ပေးပြိုင်ပွဲတစ်ခုတည်းကို အားစိုက်ကစားမဲ့ နာပိုလီအသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ ကစားကွက်လည်း တည်ငြိမ်စပြုလာသလို အရည်အသွေးမြင့်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ နာပိုလီအသင်းကို ကြိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *