၂၈. ၁၂. ၂၀၂၂
Written by Pan Ei
ဖိလစ်ပိုင်နိုင်ငံတွင် ခရစ္စမတ်အားလပ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၂၅ ဦးအထိ မြင့်တက်လာပြီး ၂၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် တုံပြန်ရေးအေဂျင်စီက ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၈ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါ ရေကြီးရေလျှံမှုဒဏ်ကို နိုင်ငံအတွင်း လူပေါင်း ၄၀၀,၀၀၀ နီးပါး တွေ့ကြုံခံစားခဲ့ရပြီး ခိုလှုံရာနေရာများတွင် လူပေါင်း ၈၁,၀၀၀ ကျော် ကျန်ရှိနေဆဲဖြစ်ကာ နေအိမ် ၁,၁၉၆ လုံး၊ လမ်း ၁၂၃ ခုနှင့် တံတား ၁၂ စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများမှ ပြောကြားခဲ့သည်။
သေဆုံးသူ ၂၅ ဦးအနက် ၁၆ ဦးသည် တောင်ပိုင်းရှိ မင်ဒါနာအိုဒေသမှ ဖြစ်ကြောင်း သိရှိရပြီး ပျောက်ဆုံးနေသူ ၂၆ ဦးအနက် ၁၂ ဦးသည် အရှေ့ပိုင်း ဘီကိုးဒေသမှဖြစ်ကြောင်း ကောင်စီက ပြောကြားခဲ့သည်။
နိုင်ငံအတွင်း မိုးရွာသွန်းမှု သိသိသာသာများပြားခဲ့သော ဒေသများတွင် ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် အခံရဆုံးနိုင်ငံများအနက်တစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် မုန်တိုင်း ၂၀ ခန့် တိုက်ခတ်လေ့ရှိသည်။
Ref; abc news