September 19, 2024

၁၄ .၉ .၂၀၂၄
Written by MMAK

မန်စီးတီး Vs ဘရန့်ဖို့

ပရီးမီးယားလိဂ်သုံးပွဲလုံးကို အနိုင်ရထားပြီး နှစ်ပွဲဆက် စုံပေါ်အောင်ထားတဲ့ မန်စီးတီးအသင်း ကြေးအောင်တာ များလွန်းနေပါတယ်။ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ရိုဒရီနဲ့ ဖိုဒန်တို့ ပါဝင်လာနိုင်ပေမဲ့ ကြားရက်မှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်ကို စတင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းက ခြေစွမ်းမဆိုးဘူးဆိုပေမဲ့ မန်စီးတီးကွင်းမှာတော့ ဂိုးပြတ်မရှုံးအောင်သာ ခံစစ်အားပြုကစားရမှာပါ။ ဒီပွဲမှာ အိမ်ရှင်မန်စီးတီးက ဘော်ဒီကြေးနှစ်လုံး သရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခုနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ ဘရန့်ဖို့အသင်းတို့ ခြောက်ပွဲသာ ထိပ်တိုက်တွေ့ဆုံထားကြပြီး ဒီခြောက်ပွဲလုံးမှာ မန်စီးတီးအသင်း သုံးဂိုးပြတ်နိုင်တဲ့ပွဲ တစ်ပွဲမှ မရှိထားပါဘူး။ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဥ်ကစားဖို့ ရှိနေပြီး ကြေးအောင်တာများနေသလို ထိုးသားတွေ အကြိုက်များတဲ့ မန်စီးတီးအသင်းကို မကြိုက်ပါဘူး။ မန်စီးတီးအသင်း ကပ်နိုင်သွားလို့ရပြီး သုံးဂိုးပြတ်မှ ကြေးရှုံးမှာ ဖြစ်တဲ့အတွက် အောက်ကြေး ဘရန့်ဖို့အသင်းကို ကြိုက်ပါတယ်။

လီဗာပူး VS နော်တင်ဟန်ဖောရက်

အာနေးစလော့ရဲ့ လီဗာပူးကတော့ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားပြီး သုံးပွဲလုံးဂိုးပြတ်အနိုင်ရထားသလို ခံစစ်ကလည်း တစ်ဂိုးမှ ပေးမထားရပါဘူး။ ဖောရက်နည်းပြ နူနိုဆန်းတို့က ခံစစ်ကိုအားပြုကစားတတ်ပြီး ဂိုးမပေးရဖို့ အာရုံစိုက်ကစားတတ်တာကြောင့် သုံးပွဲမှာ နှစ်ဂိုးသာခွင့်ပြုထားရပြီး ခံစစ် မာကျောတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ပုံစံကောင်းရနေတဲ့ လီဗာပူးအသင်းကို ခံစစ်အားပြုကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ တုံ့ပြန်ကစားလာဖို့ ရှိပါတယ်။ လီဗာပူးအသင်းက ကြားရက်မှာ အီတလီနိုင်ငံအထိသွားပြီး အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ ကစားရဖို့ ရှိတဲ့အချက်ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်လီဗာပူးအသင်းက ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခုနှစ်ဆယ်အရှုံး ပေးထားပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး ကွာဟနေတာ တွေ့ရပြီး လီဗာပူးအသင်းရဲ့ ခံစစ်ကို ဖောရက်အသင်း ဂိုးရဖို့မလွယ်သလို လီဗာပူးအသင်းကလည်း ဂိုးတွေအများကြီးသွင်းမယ်လို့ မထင်ပါဘူး။ ခံစစ်အားပြုကစားမဲ့ ဖောရက်အသင်းကြောင့် လေးဂိုးလောက်ထိ မြင်ရဖို့ မဖြစ်နိုင်တဲ့အတွက် ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် Vs လက်စတာ

တန်းတက်လက်စတာအသင်း နိုင်ပွဲမရသေးပေမဲ့ ခြေစွမ်းညံ့တဲ့အသင်းတော့ မဟုတ်ပါဘူး။ ပဲလေ့စ်အသင်းကလည်း နိုင်ပွဲမရသေးသလို တိုက်စစ်ကလည်း သုံးပွဲမှာ နှစ်ဂိုးသာ ရထားပြီး ခြေစွမ်းအရမ်းကောင်းနေတဲ့ အခြေအနေမဟုတ်ပေမဲ့ အိမ်ရှင်ပဲလေ့စ်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားဆိုတဲ့ ပေါက်ကြေးက တော်တော်လေးပြင်းရှပါတယ်။ နိုင်ပွဲမရသေးတဲ့ နှစ်သင်းမှာ အိမ်ရှင်ပဲလေ့စ်အသင်း ပထမဆုံးနိုင်ပွဲ ရယူသွားနိုင်မယ်လို့ ဘွတ်ကီတွေ ယူဆနေပုံရပြီး ဖြစ်သင့်တဲ့ ပေါက်ကြေးထက် ပိုမြင့်နေတာ တွေ့ရပါတယ်။ ပဲလေ့စ်အသင်း နှစ်ဂိုးမပြတ်နိုင်လို့ ပြားသုံးဆယ်ရင်းပြီး အောက်ကြေးလက်စတာကို ရွေးချယ်မဲ့ ထိုးသားတွေ ပိုများနေတာကိုလည်း တွေ့ရပြန်ပါတယ်။ ဒီပွဲမှာ ဘွတ်ကီဖော်လိုအရ အိမ်ရှင်ပဲလေ့စ်အသင်းကို ရွေးချယ်ရမှာဖြစ်ပြီး အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရပြီး ပထမဆုံးနိုင်ပွဲ ရယူသွားပါလိမ့်မယ်။

အက်စတွန်ဗီလာ Vs အဲဗာတန်

အဲဗာတန်အသင်းရဲ့ ခံစစ်က တော်တော်လေး စိတ်ပျက်စရာကောင်းနေပြီး သုံးပွဲမှာ ဆယ်ဂိုးထိ ပေးထားရပါတယ်။ ဗီလာအသင်းက ကြားရက်မှာ ချန်ပီယံလိဂ်ကစားရဖို့ ရှိနေတဲ့အပြင် ခြေစွမ်းအရမ်းကောင်းနေတဲ့ အနေအထားမှာ မရှိသေးပါဘူး။ တောင်ပံကစားသမား ဘိုင်လီအပါအဝင် ဒဏ်ရာရကစားသမား ခုနစ်ယောက်ထိရှိနေပြီး တိုက်စစ်မှူး
ဝါ့ကင့်စ် ဂိုးမသွင်းနိုင်သေးတဲ့အချက်က ဗီလာအသင်း ဂိုးများများသွင်းနိုင်ဖို့ အခက်တွေ့နိုင်ပါတယ်။ အဲဗာတန်အသင်းအနေနဲ့ တစ်ပွဲကိုသုံးဂိုးလောက်ပေးနေရတဲ့ ခံစစ်ကို အကောင်းဆုံးပြင်ဆင်ဖို့ လိုအပ်နေပြီး အခုအဝေးကွင်းပွဲမှာ ဂိုးတွေအများကြီး ထပ်မပေးရဖို့ ပြင်ဆင်လာနိုင်ပါတယ်။ ဒီပွဲမှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ အဲဗာတန်အသင်းက ခံစစ်ကို အဓိကပြင်ဆင်လာနိုင်တဲ့ အချက်နဲ့ ဗီလာအသင်းက ကြားရက်မှာ ချန်ပီယံလ်ဂ်ကစားရဖို့ ရှိနေတဲ့ အချက်တွေကြောင့် ဂိုးတွေအများကြီး မြင်ရမယ်မထင်ပါဘူး။ ဂိုးပေါင်းတွေ ခဏခဏအောင်နေတဲ့ ဒီနှစ်သင်းကို ဂိုးအောက်ကြိုက်ပါတယ်။

ဘုန်းမောက် Vs ချဲလ်ဆီး

ဘုန်းမောက်အသင်းက တိုက်စစ်အသားပေးအသင်း ဖြစ်ပြီး ပြီးခဲ့တဲ့အပတ် အဲဗာတန်နဲ့ပွဲမှာဆို နှစ်ဂိုးပြတ်ရှုံးနေရာကနေ ခြောက်မိနစ်အတွင်း သုံးဂိုးပြန်သွင်းပြီး အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအသင်းကတော့ ယုံစားလို့မရသေးဘဲ နိုင်တစ်လှည့် ရှုံးတစ်လှည့်နဲ့ တည်ငြိမ်တဲ့ ခြေစွမ်းမျိုး မရသေးပါဘူး။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်သာ ပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးပေါက်နေပြီး ဂိုးပေါင်းကြေး မြင့်မားနေတာ တွေ့ရပါတယ်။ အိမ်ရှင်ဘုန်းမောက်အသင်းက တိုက်စစ်အသားပေးကစားလာဦးမှာ ဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း ခံစစ်ပိတ်ကစားတဲ့ အသင်းတွေကို ဂိုးရခက်ပေမဲ့ တိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်းနဲ့ဆိုရင် ဂိုးရအောင်သွင်းနိုင်ပါတယ်။ ဒီပွဲက နှစ်သင်းလုံး အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးရဖို့ ရှိနေပြီး အနိမ့်ဆုံး သုံးဂိုးလောက်ထိ မြင်ရဖို့ ရှိပါတယ်။ တိုက်စစ်ဖွင့်ကစားကြမဲ့ပွဲ ဖြစ်တာကြောင့် ဂိုးပေါင်းကြေး မြင့်တက်နေတဲ့အတိုင်း ဂိုးပေါ်သွားနိုင်တဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *