September 18, 2024

၁၄.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရှမ်းစုကျေးရွာ၊ရန်ကုန်-ပြည်ကားလမ်း၊ ရှမ်းစုဂတ်စ်ဆိုင်အနီးတွင် စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီ ၅၈ မိနစ်ခန့်က YBS -၃၅ ခရီးသည်တင်ယာဥ်နှင့် ကိုယ်ပိုင်ယာဥ်တစ်စီးတို့ တိုက်မိခဲ့ရာ ကိုယ်ပိုင်ယာဥ်ပေါ်မှ ယာဥ်မောင်းညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ထုတ်ပေးခဲ့ရကြောင်း သိရသည်။

ဂတ်စ်ဆိုင်မှ ဂတ်စ်ထည့်ပြီး ထောက်ကြန့်ဘက်သို့ပြန်မည့် YBS-၃၅ ခရီးသည်တင်ယာဥ်က ရန်ကုန်-ပြည်လမ်းပေါ်အထွက်တွင် ထောက်ကြန့်ဘက်မှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာသည့် ZONE LITEACE အမျိုးအစားကားဖြင့် တိုက်မိခဲ့ရာမှ အသက် ၆၁ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားမှာ ကားခေါင်းအတွင်း ညပ်နေခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သူများထံမှ သိရသည်။

ထို့ကြောင့် ZONE LITEACE ကားခေါင်းတွင် ညပ်နေသည့် ယာဥ်မောင်းကို မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက မိနစ် ၂၀ နီးပါးခန့် ကယ်ထုတ်ပေးခဲ့ရသည်။

ခြေသလုံး ပွန်းရှဒဏ်ရာ ရရှိခဲ့သော ယာဥ်မောင်း ဦးနိုင်(မစိုးရိမ်ရ)ကို အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူ​နေရပြီး လူနာမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *