September 19, 2024

၁၄.၉.၂၀၂၄
Written By Thandar

နှောင်ရုပ်ရှင်ဇာတ်ကားကြီးအဖွဲ့သားတွေရဲ့ ရေဘေးအလှူအနေနဲ့ ယနေ့ စက်တင်ဘာ ၁၄ ရက်မှာ နေတိုး၊ နော်ဖောအယ်ထားတို့နှစ်ဦးက တပ်ကုန်းရေဘေးအထိ သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

“နေတိုး၊ နော်ဖော်အယ်ထားတို့က ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး တပ်ကုန်းမြို့အနီး ရေဘေးကျရောက်နေတဲ့ ဒေသခံ လူအရေအတွက် ၇၅၀၀ ဦးအတွက် တစ်ဦးကို ကျပ် ၂၃၀၀ နှုန်းကျသင့်တဲ့ ထမင်းနဲ့ဟင်း တစ်ရက်စာသွားရောက်လှူဒါန်းသွားမှာပါ”လို့ ရွှေနဒီရွှေရည် ထုတ်လုပ်ရေးက ဆိုပါတယ်။

သရုပ်ဆောင် ပိုးမမှီသာကတော့ ခရီးဝေးရောက်နေတဲ့အတွက် လာရောက်ပူးပေါင်းနိုင်တာမရှိပေမယ့် အလှူငွေထည့်ဝင်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အဆိုပါလှူဒါန်းမှုမှာ ရွှေနဒီရွှေရည် ထုတ်လုပ်ရေးက ကျပ်သိန်း ၅၀၊ အကယ်ဒမီ နေတိုးက ကျပ်သိန်း ၅၀၊ နော်ဖောအယ်ထားက ကျပ်သိန်း ၅၀၊ ပိုးမမှီသာက ကျပ်သိန်း ၂၀၊ ဒါရိုက်တာ အကယ်ဒမီဩရသမိသားစုက ကျပ် ၅ သိန်း၊
တင်မောင်ဆန်းမင်းဝင်းက ကျပ် ၃ သိန်း၊ သူရိယက ကျပ် ၂ သိန်း စတဲ့ စုစုပေါင်း အလှူငွေ ကျပ်သိန်း ၁၈၀ တို့ကိုလှူဒါန်းသွားမှာဖြစ်ပါတယ်။

“လက်ရှိ မြန်မာတစ်ပြည်လုံးက ခုနစ်ရက်သားသမီးတွေအားလုံး ရေဘေးအန္တရယ်က အမြန်ဆုံးကင်းလွတ်ပြီး အေး ချမ်းသာယာကြပါစေလို့ ‘နှောင်’ တစ်ဖွဲ့သားလုံးက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်”လို့ သူတို့က ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *