September 19, 2024

၁၄.၉.၂၀၂၄
Written By Thandar

ရေဘေးသင့် ပြည်သူများအတွက် တစ်ထောင့်တစ်နေရာက အထောက်အပံ့ဖြစ်စေဖို့ “သူချစ်ခင်” ရုပ်ရှင်ဇာတ်ကား အဖွဲ့သားတွေက ကနဦးအလှူအနေနဲ့ ငွေကျပ်သိန်း ၁၀၀ နဲ့ စားသောက်ကုန် ၊ အိမ်သုံးလိုအပ်ပစ္စည်းတွေကို ခိုင်နှင်းဝေကတစ်ဆင့် ကူညီ အားဖြည့် လှူဒါန်းခဲ့ပါတယ်။

“သူချစ်ခင် ရုပ်ရှင် အဖွဲ့သား‌တွေအားလုံးလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီ ထောက်ပံ့မှုများကို ဆက်လက် လုပ်ဆောင်သွားပါဦးမယ်။ အားတင်းထားပါလို့ စာနာစွာ အားပေးရင်း အခု ဖြစ်နေတဲ့ ရေဘေးအန္တရာယ် အခြေအနေ‌တွေက အမြန်ဆုံးကင်းလွတ်ပြီး အေးချမ်းသာယာပါစေလို့ သူချစ်ခင် ရုပ်ရှင် အဖွဲ့သားများမှ မေတ္တာပို့ ဆုတောင်းပေးနေပါတယ်” လို့ အောင်သီရိထုတ်လုပ်ရေးက ကိုကျော်ကျော်ဦးက ပြောပါတယ်။

အဆိုပါလှူဒါန်းမှူမှာ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် ၅၅ သိန်း၊ ဒါရိုက်တာ မယ်မင်းဘုံက ကျပ် ၁၀ သိန်း၊ ကျော်ထက်အောင်က ကျပ် ၁၀ သိန်း၊ ညီထွဋ်ခေါင်က ကျပ် ၅ သိန်း၊ ချောရတနာက ကျပ် ၅ သိန်း၊ ရတနာဗိုက ကျပ် ၅ သိန်း၊ ထက်ထက်ထွန်းက ကျပ် ၅ သိန်း၊
သင်းသဲဗိုက ကျပ် ၅ သိန်းတို့နဲ့ စုစုပေါင်း ငွေကျပ်သိန်း ၁၀၀ တိတိနဲ့ စားသောက်ကုန် အိမ်သုံးလိုအပ်ပစ္စည်းတွေကို ကနဦး အားဖြည့် ကူညီလှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *