September 19, 2024

၁၄. ၉. ၂၀၂၄
Written by Nyein Kyaw

ရေဘေးသင့်ပြည်သူများထံသို့ ပေးပို့မည့် ကယ်ဆယ်ရေးပစ္စည်း၊ အရေးပေါ်ပစ္စည်းနှင့် ဆေးဝါးများအတွက် MNA နှင့် MAI လေကြောင်းလိုင်းတို့မှ အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းများမှ အသိပေးကြေညာထားသည်။

မြန်မာအမျိုးသားလေကြောင်း (MNA) မှ ရေဘေးသင့်ပြည်သူများထံသို ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များဖြင့် စက်တင်ဘာ ၁၃ ရက်မှစ၍ အခမဲ့သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပို့ဆောင်လိုသူများအနေဖြင့် Call Center ၀၁- ၃၇၆၀၃ နှင့် ၀၁-၃၇၇၈၄၀ သို့ ဆက်သွယ်နိုင်ရန် အသိပေး ကြေညာထားသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)မှ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အရေးပေါ်ပစ္စည်းများကို MAI ၏ Cargo Service ဖြင့် အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် အသိပေးထားသည်။

အထောက်အပံ့ပစ္စည်းများအတွက် MAI ၏ Free Cargo Service ကို အသုံးပြုလိုပါက MAI Cargo Operations Team သို့ ဆက်သွယ်နိုင်ပြီး Hotline: 09-420043611 နှင့် 09-43110078 အပြင် Email: [email protected] သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *