September 18, 2024

၁၃.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး(ဗိုလ်ချုပ်ဈေး) အနောက်ဘက်တန်း၊ဆိုင်ခန်းကြီးဈေးရုံအတွင်းရှိ ပြင်ဆင်ဆဲဆိုင်ခန်းတစ်ခန်းတွင် ယနေ့ စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီ ၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဆိုင်ခန်းတွင် တပ်ဆင်သည့် CCTV Camera ​​ဖြင့် ချိတ်ဆက်ထားသော UPS အပူလွန်ကဲ၍ မီးလောင်မှုစတင်ဖြစ်ပွားရခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့်ငြှိမ်းသတ်ခဲ့ရာ UPS တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆိုင်တာဝန်ခံအသက် ၃၅ နှစ်အရွယ် အမျိုးသားကို ပုဒ်မ ၂၈၅ ဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းက ​အမှုဖွင့်ထားကြောင်း သိရသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *