September 18, 2024

၁၃. ၉. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများအား ပါဝင်လှူဒါန်းနိုင်ပြီး အလှူငွေအတွက် ဘဏ်များနှင့်ချိတ်ဆက်ကာ ကျပ်ငွေအပြင် နိုင်ငံခြားငွေများပါ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ယနေ့တွင် အသိပေးကြေညာထားသည်။

အလှူငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက KBZ Pay၊ Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး KBZ Pay QR Code နံပါတ် 70157401001 သို့လည်းကောင်း QR Code ကို Scan ဖတ်၍လည်းကောင်း၊ Wave Money ဖြင့်လှူဒါန်းလိုပါက QR Code ကို Scan ဖတ်၍ လည်းကောင်း၊ ဖုန်းနံပါတ် (၀၉-၂၅၅၀၀၁၅၄၂ နှင့် ၀၉-၂၅၅၀၀၁၅၄၃) တို့သို့ တိုက်ရိုက်ပေးသွင်း၍ လည်းကောင်း လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။ ထို့အပြင် အခြားသော အီလက်ထရောနစ် ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်လည်း လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထပ်မံအသိပေးကြေညာသွားမည်ဖြစ်သည်။

ဘဏ်များမှလှူဒါန်းလိုပါက မြန်မာကျပ်ငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ငွေစာရင်းအမှတ် OA-011834 ကို ဖွင့်လှစ်ထားပြီး မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှ တစ်ဆင့်ဖြစ်စေ ငွေသားဖြင့်ပေးသွင်းလှူဒါန်းနိုင်သည့်အပြင် ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေ စာရင်းများမှစာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်မည်ဖြစ်သည်။

နိုင်ငံခြားငွေဖြင့်လှူဒါန်းလိုပါက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ငွေစာရင်းအမှတ် (0111284000000063) ကို ဖွင့်လှစ်ထားပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့် SWIFT CODE/BIC- MFTBMMMY၊ Beneficiary Name- Natural Disaster Management Fund၊ Beneficiary A/C No- 0111284000000063 သို့ လှူဒါန်းနိုင်မည်ဖြစ်သည်။

ထို့ပြင် နိုင်ငံခြားငွေဖြင့်လှူဒါန်းလိုသူများသည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) သို့လည်း မြန်မာ့စီးပွားရေးဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်မည်ဖြစ်သည်။

မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း (Account Transfer)နည်းလမ်းဖြင့် လှူဒါန်းနိုင်မည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့် SWIFT CODE- MYEBMMMY၊ Beneficiary Name- Natural Disaster Management Fund၊ Beneficiary A/C No- EDN-600018 သို့လှူဒါန်းနိုင်မည်ဖြစ်သည်။

အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းလိုသူများအနေဖြင့် နေပြည်တော်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖုန်း ၀၆၇-၃၄၀၄၀၅၀၊ ၀၉-၂၀၂၁၄၉၁၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖုန်း ၀၆-၃၄၀၄၀၄၈၊ ၀၉-၂၅၄၁၇၀၀၁၊ ညွှန်ကြားရေးမှူး ဖုန်း ၀၆၇-၃၄၀၄၃၁၆၊ ၀၉-၄၃၀၅၄၈၄၄ တို့ကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ရန်ကုန်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဖုန်း ၀၉၂၅၀၁၂၃၈၈၅ နှင့် ဒုတိယညွှန်ကြားရေးမှူး ဖုန်း ၀၉-၄၂၀၇၄၀၁၆၀ နှင့် မန္တလေးမြို့တွင် မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဖုန်း ၀၉၄၂၀၇၀၈၈၂၇ နှင့် ဒုတိယညွှန်ကြားရေးမှူး ဖုန်း ၀၉-၄၀၀၅၀၂၀၅၆ တို့ကို ဆက်သွယ်လှူဒါန်းနိုင်မည်ဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ ဆက်သွယ်လှူဒါန်းနိုင်ပြီး ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊နေပြည်တော်အပြင် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့နှင့် ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၆၅) လမ်း၊ ၃၄x၃၅ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့တို့တွင်လည်း လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *