September 18, 2024

◾️ မြို့နယ်ပေါင်း ၃၄ ခုတွင် ရေဘေးသင့်ပြည်သူ ၂၃၆,၀၀၀ ကျော်ရှိကာ ၃၃ ဦးသေဆုံးခဲ့ပြီး အတည်မပြုနိုင်သေးသည့် ရမည်းသင်းမြို့နယ်အတွင်း စာရင်းများကိုလည်း စုံစမ်းနေ

၁၃. ၉. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ရေဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နှင့် ကူညီကယ်ဆယ်ရေးများ အမြန်ဆုံးရရှိအောင် ကြပ်မတ်ဆောင်ရွက်နေကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေသော မြိုနယ်ပေါင်း ၃၄ မြိုနယ်တွင် ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦးရှိပြီး ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။ ထို့အတူ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီးနစ်မြှုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အတည်မပြုနိုင်သေးသည့် ရမည်းသင်းမြို့နယ်တွင်းမှ စာရင်းများကိုလည်း လိုက်လံစုံစမ်းနေကြောင်း သိရသည်။

“ရမည်းသင်းဘက်မှာဆိုရင် အတည်မပြုနိုင်သေးတဲ့ သတင်းအရ ရမည်းသင်းရဲ့ မိုးထိ၊ မိုးမိ ရွှေတွင်းလုပ်ကွက်တွေမှာ တချို့နေရာတွေမှာ ပြောင်းရွှေ့ နေထိုင်နေတဲ့သူတွေရှိတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးလည်း မြေပြိုကျပြီးတော့ ပျောက်ဆုံးမှုတွေရှိတယ်လို့ သိရတယ်။ အဲဒါတွေကိုတော့ လိုက်လံစုံစမ်းနေဆဲပဲဖြစ်တယ်” ဟု SAC သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *