September 19, 2024

မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာဖွယ်ရှိသည် အဆိုပါ ကရင်တိုင်းရင်းသား ၃၀ က လက်နက်များကိုင်ဆောင်ကာ ထိုင်းဒေသခံများကို ခြိမ်းခြောက်ရာမှ တိုင်ကြားခံရပြီး ဖမ်းမိခြင်းဖြစ်

၁၃. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ကန်ချနာပူရီပြည်နယ်အတွင်းရှိ ခူအန် ဆရီနာဂါရင်ဒါ အမျိုးသားဥယျာဉ်တွင် ကျူးကျော်ဝင်ရောက်နေထိုင်လျက်ရှိသော ကရင်တိုင်းရင်းသားအယောက် ၃၀ ကို အမျိုးသားဥယျာဉ်တာဝန်ရှိသူများက စက်တင်ဘာလ ၁၃ ရက်တွင် လက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက အဆိုပါ ကျူးကျော်ဝင်ရောက်နေထိုင်သူများ၏ တရားမဝင်စခန်းကို စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းက ဝင်ရောက်စီးနင်းရာတွင် ၎င်းတို့ကို သေနတ်ငါးလက်၊ လက်ကိုင်စက်လွှ၊ ဆောက်လုပ်ရေးကိရိယာများ၊ခန္ဓာကိုယ်ချပ်ဝတ်တန်ဆာများ၊ ဓားရှည်များ၊ ဓားမြှောင်များ၊ မိုဘိုင်းဖုန်းများ၊ ရေဒီယိုစက်များနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ဆက်လက်စစ်ဆေးချက်များအရ နိုင်ငံကူးလက်မှတ်အတု လုပ်စားနေမှုတစ်ရပ်နှင့် ဆက်စပ်ပတ်သက်နေဖွယ်ရှိကြောင်း တာဝန်ရှိသူများကပြောခဲ့သည်။

ဥယျာဉ်တာဝန်ရှိသူတစ်ဦးက ၎င်းတို့အား အနီးရှိကျေးရွာသားများက ဆီဆာဝပ်ခရိုင်၊ နာဆွန်ခရိုင်ခွဲတွင် ဥယျာဉ်အတွင်း နိုင်ငံခြားသားတစ်စုရောက်နေကြောင်း၊ အချို့က လက်နက်များသယ်လာသည်ကိုတွေ့ရပြီး ဒေသခံ ကျေးရွာသားများကို ခြိမ်းခြောက်နေကြောင်း သတင်းပေးခဲ့သည်ဟုပြောခဲ့သည်။

အမျိုးသားဥယျာဉ်တာဝန်ရှိသူများနှင့် ကန်ချနာပူရီရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ထိုတရားမဝင်စခန်းကိုစီးနင်းခဲ့ရာတွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေး ၉ ဦး  စုစုပေါင်း အယောက် ၃၀ ကိုဖမ်းမိခဲ့သည်ဟုလည်း သိရသည်။ သို့သော် ၎င်းတို့တွင် မည်သူမျှ လိုအပ်သော လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်းများကိုင်ဆောင်ထားခြင်းမရှိဟု တာဝန်ရှိသူများက ပြောခဲ့သည်။

မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည်ဟု ယူဆရသော အဆိုပါ ဖမ်းဆီးခံ ကရင်တိုင်းရင်းသား ၃၀ ကို ဆီဆာဝပ်ခရိုင် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ အမျိုးသားဥယျာဉ်အတွင်း ဝင်ရောက်ကျူးကျော်နေထိုင်မှုနှင့် နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာမှုတို့ဖြင့် တရားစွဲမည်ဟု သိရသည်။

အစဦး စစ်ဆေးချက်များအရ ထိုအုပ်စု၏ခေါင်းဆောင်မှာ ကရင် YouTube အသုံးပြုသူတစ်ဦးက တိုင်ချက်ဖွင့်ထားမှုအပေါ်အခြေခံသည့် နိုင်ငံကူးလက်မှတ်အတုလုပ်ငန်းပြုလုပ်နေခြင်းဟု ဖော်ထုတ် တွေ့ရှိရသည်။

ကရင် YouTube အသုံးပြုသူက ဖမ်းမိခေါင်းဆောင်ဖြစ်သူသည် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် ကရင်တိုင်းရင်းသားများ ယုံကြည်အောင်သိမ်းသွင်း၍ တစ်ဦးလျှင် ဘတ်ငွေ ၅,၀၀ဝ ရယူကာ နိုင်ငံ ၁၉၆ နိုင်ငံသို့ ခရီးသွားနိုင်မည်ဆိုသော နိုင်ငံကူးလက်မှတ်အတု ရိုက်စားလုပ်ငန်းကို လုပ်ဆောင်နေခြင်းဟု တိုင်ကြားထားခဲ့သည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *