September 19, 2024

၁၃.၉.၂၀၂၄
Written By Thandar

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးနဲ့ “သဘင်သည်မြနှင်းဆီ” အဖွဲ့သားတွေက ရေဘေးသင့်ပြည်သူတွေအတွက် ကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၄၇ ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၅ သိန်းတို့ကို ယနေ့ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော်တို့ သဘင်သည်မြနှင်းဆီ ဇာတ်ကားအဖွဲ့သားတွေအနေနဲ့ ဒီနေ့က ရေဘေးသင့်ပြည်သူတွေအတွက်ရော မကြာခင် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက်လည်း ပါဝင်လှူဒါန်းကြတာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ရေဘေးသင့်ပြည်သူတွေကို ကြည့်ပြီးတော့ ပြန်ပြီး အချိန်မီ Sharing လုပ်ပေးဖြစ်ပါတယ်။ မြင်ရတွေ့ရတာ စိတ်မကောင်းလည်း တော်တော်လေးကို ဖြစ်ရပါတယ်။ ကျွန်တော်လည်း လက်ရှိတွေ့သမျှနေရာတွေမှာ တတ်နိုင်သလောက်ကို ပါဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်။ တချို့ ငွေလိမ် Page တွေက ဒီအချိန်လိမ်တဲ့ Account တွေမို့ သေချာလေ့လာပြီးမှ လှူကြပါလို့ပြောချင်ပါတယ်။ ကျွန်တော်လည်း အချိန်သေချာပေးပြီး ကွင်းဆင်းလာဖို့အတွက်လည်း ပြင်ဆင်နေပါတယ်”လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။

အဆိုပါ လှူဒါန်းမှုကိုတော့ “သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားက အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ မင်းဆက်၊ မေမီကိုကို၊ ထူးမြတ်၊ ဟင်နရီစံ၊ စင်ဒီမြတ်၊ သံစဉ်ဖြိုးပိုင်၊ ဒေါ်စမ်းစမ်းဝင်း၊ ယွန်းသဒ္ဒါဟန်စတဲ့ သူတွေနဲ့ စိန်ဌေးထုတ်လုပ်ရေးက ဦးဝင်းကြည်တို့က မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးနဲ့ နာယကကြီးဦးအောင်လွင်တို့ဆီ လှူဒါန်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *