September 18, 2024

၁၃. ၉. ၂၀၂၄
Written by Nay Moe

ကယားပြည်နယ်၊ ဖယ်ခုံဒေသမှာ၊ ကယားလက်နက်ကိုင် KNDF တပ်ဖွဲ့ဝင် ၂၀ တောင်ကျရေနဲ့အတူ မျောပါသေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ KNDF လက်နက်ကိုင် ၂၀ ဟာ ဆေးတပ်သားတွေဖြစ်ပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၁၁ ရက်က မိုးသည်းထန်စွာရွာသွန်းချိန် တောင်ကျရေနဲ့အတူ ရေစီးထဲမျောပါသေဆုံးကုန်တာဖြစ်ပြီး ဆေးတပ်သား ပလန်၊ ဆေးတပ်သားစစ်မေ ဂျုးလစ်နဲ့ ဆာကဘီမူအပါအဝင် ၂၀ လို့ သိရပါတယ်။

“၁၈ ယောက် Body ပြန်တွေ့ပြီ ၂ယောက်ပျောက်ဆုံးပါ။ KNDF ဆေးမှူးတွေပါ” လို့ PDF ထောက်ပို့တစ်ဦးဖြစ်တဲ့ Kyaw Ye Aung အကောင့်ပိုင်ရှင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သေဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင် ၂၀ နဲ့ ပတ်သက်ပြီးလည်း PDF ဆရာဝန်တစ်ဦးဖြစ်တဲ့ မျိုးခန့်ကိုကိုက “ကျဆုံးသွားသော ကရင်နီ Medic 2nd batch ရဲဘော်များအား ကျွန်တော် Dr မျိုးခန့်ကိုကို၏ လုပ်ပိုင်ခွင့်ဖြင့် Karenni Medic 2nd Batch ၏ အထူး Medic များအဖြစ် အသိအမှတ်ပြုသည်။ ရဲဘော်တို့ဖြစ်ချင်၍ကြိုးစားခဲ့ကြသော Medic အဖြစ်နှင့် စိတ်ဖြောင့်ဖြောင့်သွားစေရန် ရည်ရွယ်သည်။ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် Medic ရဲဘော်များအနေဖြင့် အမိန့်သာ ပြန်တမ်းတွင် ထည့်သွင်းဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးလို့ အမည်တပ်ထားတဲ့ တိုက်ခိုက်မှုအတွင်းမှာ KNDF လက်နက်ကိုင် ၄၀၀ နီးပါးအထိ သေဆုံးခဲ့ရတယ်လို့ KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ဩဂုတ် လဆန်းမှာ ထုတ်ဖော်ရေးသားထားပြီး လက်ရှိအချိန်မှာ သေဆုံးသူ ၄၂၀ ကျော်လာပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *