September 19, 2024

၁၃.၉.၂၀၂၄
Written By Thandar

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ အဆိုတော် ပိုပိုက မြန်မာပြည်အတွင်း ရေဘေးသင့်ပြည်သူတွေအတွက် ကျပ် ၇ သိန်း မ,တည်ပြီး ခုနစ်ရက်သားသမီးအလှူရှင်တွေနဲ့အတူ ပါဝင်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“အခုလို ပြည်သူတွေ ရေကြီးနေကြတာတွေ မြင်တော့ ပို အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လိုအပ်တဲ့နေရာတွေကို လှူဖို့ ပိုပိုနဲ့အတူ တတ်နိုင်သလောက် စုပေါင်း လှူချင်သူတွေအတွက် အလှူငွေတွေ စတင်လက်ခံနေပါပြီ။ ပိုကတော့ ၇ သိန်း မ,တည် လှူပါမယ်။ လှူချင်သူများရှိရင် ပို့ရဲ့ မန်နေဂျာ K Pay ကို လွှဲလို့ရပါတယ်။ ပို့ရင်တော့ ရေဘေးအတွက်ဆိုတဲ့ Note လေးနဲ့ ရေးလှူပေးပါရှင့်။ ၅၀၀၊ ၁၀၀၀ ကစပြီး လှူဒါန်းနိုင်ပါတယ်ရှင့်”လို့ အဆိုတော် ပိုပိုကပြောပါတယ်။

အဆိုပါ အလှူငွေပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ K pay မရှိရင် ဖုန်းဆက်ပြီး မေးမြန်းနိုင်သလို AYA Pay Wave Pay , CB Pay ကိုလည်း Page ရဲ့ Chat Box မှာ လာမေးနိုင်ကြောင်းနဲ့ 0941006980 မျိူးသက်နိုင် (K Pay) (limitပြည့်နေ) တဲ့အတွက် 09263911849 ခင်သီတာအောင်၊ 09420244829 မေဂျူးသက်လယ် Acc တွေကို ပါဝင်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

“ပိုပိုနဲ့အတူ ပါဝင်လှူဒါန်းသူတွေအနေနဲ့ အလှူငွေလွှဲအပ်ချိန် မှတ်ချက်မှာ ရေဘေးအလှူလို့ရေးပေးပါနော်။ ၅၀၀ ပဲ လှူလှူ၊ ၁၀၀၀ ပဲ လှူ လှူ။ အလှူရှင်အကုန်လုံးကို ထပ်တူထပ်မျှ ကျေးဇူးတင်ပါတယ်။ ချွေးနည်းစာလေးတွေ လှူကြတာ သာဓုခေါ်ပါတယ်နော်”လို့ သူမကဆက်ပြောပါတယ်။

သူမကတော့ ရေဘေးကြောင့် အခက်အခဲဖြစ်ပေါ်နေတဲ့ နေရာဒေသတွေကို လှူဒါန်းသွားမယ့်နေရာကို ပရိသတ်တွေကို ပြန်လည်ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *