၂၈.၁၂.၂၀၂၂
Written by Nay Aung
ဂါနာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ အဖြစ်ပျက်တစ်ခုဟာ လူမူကွန်ရက်အွန်လိုင်းသုံးစွဲသူများကြား စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ ဘာလို့လဲဆိုရင် မင်္ဂလာဆောင်သတို့သမီးဟာ ငယ်ချစ်ဟောင်းနဲ့ ပြန်တွေ့ကာ ငယ်ချစ်ဟောင်းနောက် လိုက်သွားဖို့ ကြိုးပမ်းတဲ့အတွက် စီစဉ်ထားတဲ့မင်္ဂလာပွဲလည်း ဖျက်လိုက်ရတဲ့ အဖြစ်အပျက်ဟာ လူစိတ်ဝင်စားမှုမြင့်တက်စေခဲ့တာပါ။
အဆိုပါ မင်္ဂလာသတို့သမီးနဲ့ သတို့သားတို့ရဲ့အမည်တွေကို ထုတ်ဖော်ရေးသားတာမျိုးမရှိပေမယ့် သတို့သမီးဟာ ငယ်ချစ်ဟောင်းနောက်လိုက်ဖို့ ကြိုးပမ်းနေတာကြောင့် မိသားစုတွေနဲ့ သတို့သားက သတို့သမီးကို လမ်းပေါ်မှာ ပြန်ဆွဲခေါ်တဲ့ဓာတ်ပုံတွေ၊ ရုပ်သံဖိုင်တွေက အွန်လိုင်းသုံးစွဲသူများကြား စိတ်ဝင်စားမှုမြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။
သတို့သမီးဟာ ငယ်ချစ်ဟောင်းနောက်လိုက်ဖို့ ကြိုးပမ်းနေတဲ့အတွက် သတို့သမီးရဲ့သူငယ်ချင်းဖြစ်သူက မင်္ဂလာအခမ်းအနား ကျင်းပနေချိန်မှာ သတို့သမီးရဲ့ငယ်ချစ်ဟောင်း ရောက်ရှိနေတဲ့အကြောင်းကို အသိပေးပြောဆိုခဲ့ရာကနေ ရုန်းရင်းဆန်ခတ်တွေဖြစ်ပွားခဲ့ပြီးနောက် ဂါနာနိုင်ငံ ကာဆိုအာမြို့မှာကျင်းပဖို့ စီစဉ်ထားတဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
သတို့သမီးဟာ ငယ်ချစ်ဟောင်းရောက်ရှိနေတဲ့ အကြောင်းကို ကြားသိခဲ့ပြီးနောက် သတို့သားကို ငိုယိုပြီးတောင်းပန်စကား ပြောဆိုခဲ့ကြောင်း၊ သူမကို နောက်ထပ်အခွင့်ရေးပေးဖို့လည်း တောင်းဆိုခဲ့ကြောင်း အဆိုပါ ရုပ်သံဖိုင်ကိုတွေ့မြင်ရသူများကပြောပါတယ်။
ဒါပေမယ့် သတို့သားဟာ ငယ်ချစ်ဟောင်းနောက်လိုက်ဖို့ ကြိုးပမ်းနေတဲ့ သတိုသမီးကို ခွင့်ပြုပေးခြင်းမရှိဘဲ သတို့သမီးကိုမလိုက်ဖို့ တားရာကနေ လမ်းအလယ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် သတို့သားဟာ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
အဆိုပါရုပ်သံဖိုင်ကိုတွေ့မြင်ရသူ အွန်လိုင်းသုံးစွဲသူတွေကြားမှာလည်း ထင်မြင်ချက်အမျိုးမျိုးပေးမှတ်ချက်ပြုရေးသားခဲ့ကြောင်း သိရပါတယ်။ အွန်လိုင်းသုံးစွဲသူတစ်ဦးက “သတို့သားဟာ လိုအပ်တယ်။ သတို့သမီးကို ငယ်ချစ်ဟောင်းနဲ့ အေးချမ်းစွာ လက်ထပ်နိုင်ဖို့ သွားခွင့်ပေးသင့်တယ်။” လို့ မှတ်ချက်ပြုရေးသားခဲ့ပါတယ်။
နောက်ထပ် အွန်လိုင်းသုံးစွဲသူတစ်ဦးကလည်း “သတို့သားနဲ့ သတို့သမီး ပေါင်းစည်းပြီးနောက် ရရှိတဲ့ သားဦးဟာ ငယ်ချစ်ဟောင်းနဲ့ ရတဲ့ကလေးသာ ဖြစ်ဖို့များတယ်” လို့ မှတ်ချက်ပြုထားပါတယ်။
ref- dailystar