September 17, 2024

MT News
၁၂. ၉. ၂၀၂၄

သဘာဝဘေးအန္တရာယ်ကြောင့် ရေဘေးသင့်သူ ခုနစ်ရက်သားသမီးတွေအတွက် လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ ပရဟိတမိခင်ကြီးဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေက ကျပ်သိန်း ၃၀၀ မ,တည်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ အသိပေးပြီးနောက်မှာ G-Link Electro Trading ကနေ ကြီးမှူးတဲ့ Felicity Solar Myanmar မိသားစုက ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“Felicity Solar ရဲ့ မြန်မာပြည် Authorized Distributor ဖြစ်တဲ့ G-Link Electro Trading ကနေ ကြီးမှူးပြီးတော့ Felicity Solar Myanmar မိသားစုအနေနဲ့ ကျမတို့ ခိုင်နှင်းဝေဖောင်ဒေးရှင်းနဲ့ပူးပေါင်းပြီးတော့ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း (၁၅၀၀) ကျော်တန်ဖိုးရှိတဲ့ လိုအပ်သောပစ္စည်းများကို သွားရောက် ကူညီ မျှဝေသွားမှာဖြစ်ပါရှင် ..။ ကျမတို့ “ခိုင်နှင်းဝေ ဖောင်ဒေးရှင်း” မှ ခုနစ်ရက်သားသမီးများ အပါအဝင် စုစုပေါင်း သိန်း (၂) ထောင် ဝန်းကျင်ခန့်ကို လိုအပ်သော နေရာများသို့ ကျမ ကိုယ်တိုင် သွားရောက် ကူညီမျှဝေပေးသွားမှာ ဖြစ်ပါတယ်”လို့ ခိုင်နှင်းဝေက အသိပေးထားပါတယ်။

ဒါကြောင့်မို့လို့ သဘာဝဘေးအန္တရာယ်ကြောင့် ရေဘေးသင့်သူ ခုနစ်ရက်သားသမီးတွေအတွက် လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ ခိုင်နှင်းဝေက ကျပ်သိန်း ၃၀၀ မ,တည်လှူဒါန်းမှုနဲ့ G-Link Electro Trading ကနေ ကြီးမှူးတဲ့ Felicity Solar Myanmar မိသားစုက လှူဒါန်းမှုကြောင့် ခိုင်နှင်းဝေကိုယ်တိုင် သွားရောက်လှူဒါန်းမဲ့ ပမာဏက ကျပ်သိန်း ၂၀၀၀ နီးပါးဖြစ်လာတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *