September 17, 2024

၁၂.၉.၂၀၂၄
Written By Thandar

Miss Grand Myanmar 2022 အလှမယ် အိအိအောင်ထွန်း@မီးမီးနဲ့ Mee Mee Myanmar Family တို့က ရေဘေးသင့်နေရာတွေ ကူညီဖို့ အသက်ကယ်လှေတစ်စီးအတွက် ကျပ် ၂၇ သိန်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“သမီး မြန်မာပြည်ရောက်လာတော့ မိုးတွေလည်း တအားရွာတယ်။ သတင်းတွေလည်း ကြားရတယ်။ စိတ်မကောင်း တော်တော်လေးကို ဖြစ်ရပါတယ်။ သမီးက Mee Mee Myanmar Family နဲ့ စုပေါင်းပြီးတော့ အလှူလုပ်ဖို့ရှိပါတယ်။ ပါဝင်လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ရေကြီးတော့ တော်တော်စိတ်မကောင်းဖြစ်တယ်။ ‌သမီးနေတဲ့ ချင်းမိုင်ဘက်လည်း ရေတွေကြီးနေတယ်။ အ ရမ်း စိတ်မကောင်းဖြစ်ပါတယ်။ သမီးသူငယ်ချင်းတွေလည်းရှိတယ်။ တစ်ခါမှ မကြုံဘူးတာတွေ ကြုံရတယ်။ တချို့နေရာတွေဆိုရင် အရမ်းဆိုးဆိုးဝါးဝါးဖြစ်နေတာကို မြင်ရတယ်။ သမီးအနေနဲ့ တတ်နိုင်တဲ့ဘက်က လှူဒါန်းသွားပါမယ်”လို့ အလှမယ် အိအိအောင်ထွန်းက ပြောပါတယ်။

ရေဘေးသင့်ဒေသတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အသက်ကယ်လှေတစ်စီးစာ ကျပ် ၂၇ သိန်း စုပေါင်းလှူဒါန်းမှူမှာ အလှမယ် အိအိအောင်ထွန်းနဲ့ Mee Mee Myanmar Family အပြင် ကျောက်စိမ်းရတနာကုန်သည်တွေပါ စုပေါင်းပြီး လှူဒါန်းပေးတာလို့လည်း သိရပါတယ်။

“မီးမီးရဲ့ Fan Fan လေးတွေ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ရေဘေးကြောင့် ဒုက္ခရောက်နေကြရတဲ့ အများပြည်သူများလည်း အမြန်ဆုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ရှင်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *