September 19, 2024

၁၂.၉.၂၀၂၄
Written By Thandar

လက်ရှိ ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းဖို့အတွက် မြန်မာလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်ခဲ့တဲ့ ထွန်းထွန်းမင်းက မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ပြီး ရောင်းချရငွေကို လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။

“ကျွန်တော့ဘဝမှာ ပထမ ဦးဆုံးရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေးဘေးသင့်နေကြတဲ့ ပြည်သူများအတွက် လေလံတင်ပြီးရောင်းချပေးသွားမှာပါ။ ဒီခါးပတ်ကို ရရှိဖို့ ကျွန်တော့်ရဲ့အသက်နဲ့ ရင်းပြီး ကြိုးစားခဲ့သလို ကျွန်တော် တန်ဖိုးထားမြတ်နိုးတဲ့ ခါးပတ်ဖြစ်နေပေမယ့်လည်း ရေဘေးသင့် ပြည်သူတွေနဲ့ယှဥ်လာတဲ့အခါ ကျွန်တော့်မှာ ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒီ ခါးပတ်ရဲ့ လေလံပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လေလံပွဲမှာ အများဆုံး ပေးနိုင်တဲ့သူကို ကျွန်တော့်ရဲ့ ခါးပတ်ကို ပေးအပ်သွားမှာပါ။ ဒီခါးပတ်ရဲ့ အလှူငွေကိုလည်း ကျွန်တော့်အတွက် တစ်ပြားတစ်ချပ် မကျန်အောင် အကုန်လှူတန်းသွားမှာပါ။ ဒီလေလံပွဲမှာ အများဆုံး ပေးနိုင်တဲ့သူအနေနဲ့လည်း ရေးဘေးသင့်သူတွေအတွက် အလှူလေးဖြစ်တာမို့ ကျွန်တော်နဲ့အတူတူ လှူတန်းချင်ပါတယ်ဆိုရင် ကျွန်တော့် ခါးပတ်ရဲ့ လေလံပွဲမှာ ပါဝင် ဆင်နွှဲ အားဖြည့်နိုင်ပါတယ်”လို့ ထွန်းထွန်းမင်းက ပရိသတ်သိအောင်ပြောလာပါတယ်။

ဒီခါးပတ်ရောင်းချရငွေကို တစ်ပြားတစ်ချပ် မကျန် မီဒီယာကတစ်ဆင့် အတိအလင်း ပေးအပ် လှူတန်းသွားမယ်လို့ သူ့ရဲ့ အကောင့်ကနေ အများကျိုးအတွက် နိူးဆော်လိုက်ပါတာလည်းဖြစ်ပါတယ်။ လေလံတင်ရက်ကိုတော့ ၃ ရက် သတ်မှတ်ထားပြီး ယနေ့ စက်တင်ဘာ ၁၂ ရက်မှာ စတင်ကြေညာထားတာဖြစ်သလို ဖုန်းနံပါတ် 09778888833 ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *