September 19, 2024

၁၂.၉.၂၀၂၄
Photo @ Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာဘက်မှ ရေနစ်သေဆုံးသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( ရန်ကုန်) အသင်းမှ မော်တော်စက်လှေဖြင့် သွားရောက်သယ်ဆောင်ခဲ့သည်ဟု သိရသည်။

“အမျိုးသမီးအလောင်းကို ဆေးရုံပို့မို့။ နောက်ထပ်အလောင်းတွေရှိသေးတယ်။ အခု မိုးတွေလည်း ရွာတော့ ရေတွေလည်းတက်လာတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ MT News သို့ဖြေကြားသည်။

ယခုတွေ့ရှိသည့် ရုပ်အလောင်းမှာ မည်သူမည်ဝါမှန်းမသိရသေးကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀)ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ စစ်တိုင်းရုံးမီးပွိုင့်အနီးရှိ လမ်းမပေါ်အထိ ရေများတက်နေပြီး မြို့နယ်အတွင်းမှ ကျေးရွာအများအပြား နေအိမ်၊ လမ်းမများ ရေလွှမ်းမိုးလျက်ရှိကာ လက်ရှိအချိန်တွင် ဒေသခံလူမူကူညီရေးအသင်း၊ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်မူများရှိသလို၊ ထော်လာဂျီများဖြင့် သံဃာတော်၊ ကျေးရွာပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *