September 19, 2024

၁၂.၉.၂၀၂၄
Written By Thandar

Mahar Original Series ဖြစ်တဲ့ အိမ်ထောင်ရေးဇာတ်လမ်းပုံစံ “ဒုတိယမြောက် လက်ထပ်ခွင့်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြိုနယ်ရှိ ကျိုက္ကဆံစေတီတော်မှာ ကျင်းပခဲ့ပါတယ်။

“သွန်းဆက်က ဒီဇာတ်ကားထဲမှာ ပုလဲမြူ ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရမှာပါ။ ဒီကားလေးကတော့ အိမ်ထောင်ရေးဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းတွဲက ဇာတ်အိမ်လည်း အရမ်းကောင်းတယ်။ ကိုရီးယားဇာတ်လမ်းလိုပါပဲ။ ဇာတ်အိမ်က အရမ်းမိုက်တဲ့အတွက် အားပေးပါဦးလို့ ပြောချင်ပါတယ်။ လောင်ရမလားဆိုတာကတော့ ကြည်နူးစရာကောင်းတဲ့ အချစ်လည်းပါတယ်။ ရသအစုံပေါ့နော်။ အားလုံးက သူ့ကာရိုက်တာနဲ့ သူတော့ ကောင်းကြပါတယ်။ ရိုမန့်လေးရယ် နည်းနည်း လောင်တာလည်း ပါတယ်ဆိုတော့လေ”လို့ သရုပ် ဆောင် သွန်းဆက်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဝတ္ထု ၊ ဇာတ်ညွှန်း ဟေဇယ်က ရေးသားထားပြီး ဒါရိုက်တာကျော်နှင်းဆီက အပိုင်း ၂၅ပိုင်းစာကို ရန်ကုန်မြိုနဲ့ စင်ကာပူအထိသွားရောက်ကာ လာမယ့် စက်တင်ဘာနောက်ဆုံး အပတ် စတင် ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ထက်အောင်ရှိုင်း၊ ရဲအောင်၊ ဟင်နရီ၊ ရွှေသမီး၊ သွန်းဆက်၊ လင်းဇာနည်ဇော် ၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ ချိုမဒီသွင်၊ ခွန်းည၊ ဝီလျှံမင်းမြတ်၊ ရဲထွဋ်မင်းခေါင်၊ Gu Gu၊ ကိုင်၊ ဆက်ဂိုဟန်၊ မိုး ပြည့်သက်ချယ်၊ ကလေးသရုပ်ဆောင်တွေဖြစ်တဲ့ Leo ၊ ရှင်မင်းအိမ်၊ နန်းကုဋေစံဦး ၊ ဇင်ဝင့်ထည်နဲ့ အနုပညာရှင်ပေါင်းများစွာပါဝင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *