September 20, 2024

၁၂.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊အမှတ် (၁၄၁) ရပ်ကွက်၊ အမှတ်(၂)လမ်းမပေါ် PT Power ဆီဆိုင်ရှေ့တွင် စက်တင်ဘာလ ၁၁ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ရပ်ထားသော ကားတစ်စီးကို Probox ယာဥ်က မျက်နှာချင်းဆိုင်ဝင်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

“ဒဂုံအရှေ့ဘက်ခြမ်း အမှတ်(၂)လမ်းပေါ်မှာ ရပ်ထားတဲ့ ဟွန်ဒိုင်းကားကို တောင်မြောက်လမ်းဆုံကနေ ရွာသာကြီးဘက်ကို မောင်းလာတဲ့ ပရိုဘောက်စ်ယာဥ်က မျက်နှာချင်း ဆိုင်တိုက်မိတာပါ။ လူထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် ကားခေါင်းပိုင်း၊ အင်ဂျင်ခန်း၊လေကာမှန်နှင့်ကူရှင်များ မီးလောင်ဆုံးရှုံးခဲ့ပြီး မီး​လောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁၃ မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *