September 19, 2024

၁၁.၉.၂၀၂၄
Written by Nyein Kyaw

ဒေါ်လာပုံစံ FEC ငွေကြေးများ၂၀၂၅ ခုနစ်တွင် စတင်အကောင်အထည်ဖော်မည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်သွားရန် အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဖြေကြားထားသည်။

ဒေါ်လာပုံစံ FEC ကဲ့သို့ ငွေကြေးများ ၂၀၂၅ ခုနစ်ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၅ ကျပ်တန်၊ ၁၀ ကျပ်တန်၊ ၅၀ ကျပ်တန်ဟူ၍ တန်ကြေးသုံးမျိုး လျာထားသည်‌ကြောင်း သတင်းများထွက်ပေါ်ခဲ့မှုအပေါ် ဗဟိုဘဏ်မှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်းများထွက်ပေါ်မှုအရ ပြည်တွင်းသို့ဝင်ရောက်လာသော ဒေါ်လာငွေကြေးများအား မသမာသူများထံ မရောက်စေရန် ပြည်တွင်းနိုင်ငံခြားငွေ ဖူလုံစေရန်အတွက်ဖြစ်ပြီး တစ်ဒေါ်လာတန်ကြေးသည် အသစ်ထုတ်ဝေမည့် ငွေကြေးနှင့် တန်ဖိုးတူတူပင်ဖြစ်ကာ ပြည်တွင်းဒေါ်လာသုံးစွဲသူများ၊ ရောင်းဝယ်သူများအား ထိရောက်စွာအရေးယူနိုင်ဖို့ ရည်ရွယ်ထားကြောင်းပါ မဟုတ်မမှန်ရေးသားနေခြင်းဖြစ်သည်။

ထို့ပြင် ပြည်တွင်းသို့ ကုန်း/ရေ/လေကြောင်းလမ်းမှ ဝင်ရောက်လာမည့် နိုင်ငံခြားသား(သို့)ပြည်ပထွက်အလုပ်လုပ်နေသူများအား ဒေါ်လာ ၁၀၀၀ မှ စတင်၍ လဲလှယ်နိုင်ကြောင်းပါ သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *