September 20, 2024

၁၀.၉.၂၀၂၄
Written By Thandar

ပရိသတ်တွေအကြိုက် သုပွင့်ဆိုင်အချစ်ရေးဒရာမာ အိမ်ထောင်ရေးအရှုပ်တော်ပုံဇာတ်လမ်းပုံစံ “နှောင်” ရုပ်ရှင်ဇာတ်ကားကြီး Trailer Lunch ပွဲကို ယနေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

“နော်ဖောက ဒီကားမှာ သစ်သစ်မေကာရိုက်တာနဲ့ သရုပ်ဆောင်ထားတာပါတယ်။ ဒရာမာကိုမှ ဟဲဗီးဒရာမာဇာတ်ဆိုတော့ နောဖောအနေနဲ့ ပရိသတ် ဘယ်လို ဆုံးဖြတ်ချက်ပေးမလဲဆိုတာ အရမ်းကိုရင်ခုန်ပါတယ်။ကိုနေတိုးနဲ့ နော်ဖောတို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း။ စိတ်လည်း လှုပ်ရှားရပါတယ်။ ပရိသတ်အကြိုက်နဲ့ထပ်တူကျမလားဆိုတာ ဇာတ်ကားကြီး ရုံတင်ရင်တော့သိရမှာမို့ ပရိသတ်တွေအားပေးကြဖို့လည်း ပြောချင်ပါတယ်” လို့ ‌သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပါတယ်။

အဆိုပါ ဇာတ်ကား Trailer Lunch ပွဲမှာတော့ အကယ်ဒမီနေတိုး ၊ တေးသံရှင် ပိုပိုဟေသာက ဇာတ်‌ဝင်တေး Theme Song သီချင်းတွေနဲ့ သီဆိုဖျော်‌ဖြေခဲ့ကြပါတယ်။

ဒီဇာတ်ကားက ၁၉၅၇ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ‘ဒေါက်တာအောင်ကျော်ဦး’ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲစွဲခဲ့တဲ့နေရာကို အကယ်ဒမီ နေတိုးက ‘နှောင်’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်နဲ့ ပြန်လည်ပုံဖော်ထားတာပါ။

ရွှေနဒီရွှေရည် ထုတ်လုပ်ရေးက ဇာတ်လမ်း ရွှေဒုံးဘီအောင်၊ ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ အကယ်ဒမီဩရသက သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး ၊ ဖြိုးငွေစိုး ၊ တင်မောင်ဆန်းမင်းဝင်း ၊ သူရိယ ၊ ပိုးမမှီသာ ၊ နော်ဖောအယ်ထားတို့နဲ့ ပုံဖော်ထားပါတယ်။

“နှောင်” ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလအတွင်း တစ်နိုင်ငံလုံးက အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေစတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *