September 20, 2024

၁၀.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားသည့် မဟာဗန္ဓုလတံတားပေါ်တွင် စက်ဘီးစီးလာသူအမျိုးသားတစ်ဦးကို ကားတစ်စီးကတိုက်ပြီး ထွက်ပြေးရာမှ စက်ဘီးစီးသူအမျိုးသား ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ စက်တင်ဘာ ၉ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ည ၉ နာရီ ၁၇ အချိန်တွင် ယာဥ်တိုက်ခံရမူကြောင့် ဒဏ်ရာရရှိသည့် အမျိုးသားကို ရှင်သန်ရေးလူမူကူညီရေးအသင်းယာဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“တိုက်ခံရတဲ့သူ ပြောတာကတော့ အိမ်စီးကားက နောက်ကနေ တိုက်သွားတာ။ သူက လမ်းဘေးလေးတင် နင်းလာတာ။ အဲ့ဒါကို အတိုက်ခံရတာ။ ကားက တိုက်ပြီးထွက် ပြေးသွားတယ်။ ဒဏ်ရာတွေက ညာဘက်ခြေမျက်စိအပေါ်နားက ကျိုးသွားတာ။ နဖူးလည်းကွဲသွားတယ်” ဟု ရှင်သန်ရေးကူညီမူအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယာဥ်တိုက်ခံရ၍ ဒဏ်ရာရရှိသူအမျိုးသားမှာ အသက် (၃၀) ဝန်းကျင်ရှိပြီး အတိုက်ခံရသည့် စက်ဘီးလည်း ပျက်စီးသွားကြောင်း သိရသည်။

Photo – Thiha Htet Naing

Leave a Reply

Your email address will not be published. Required fields are marked *