September 20, 2024

၁၀.၉.၂၀၂၄
Written by Zun

ကာလပေါက်ဈေး ဘတ်သန်း ၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံ မဲဆောက်တွင် ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြကြသည်။

စက်တင်ဘာလ ၉ ရက်က ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လာသော ဟင်းသီးဟင်းရွက်တင်ဆောင်လာသည့် ယာဉ်ကို ဟွေယဥကျေးရွာစစ်ဆေးရေးဂိတ်တွင် တားဆီးစစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ဆာလာအိတ်ထဲထည့်၍ ဟင်းသီးဟင်းရွက်များနှင့်ဖုံးကာ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် ICE မူးယစ်ဆေးဝါး ၇၅၀ ကီလိုဂရမ်နှင့်၊ Ketamine မူးယစ်ဆေးဝါး ၅၄၀ ကီလိုဂရမ် ပါဝင်ကြောင်း သိရသည်။

ဖမ်းမိသောမူးယစ်ဆေးဝါးများ၏ ကာလတန်ပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၅၄၅ သန်းခန့် တန်ဖိုးရှိကြောင်း၊ သယ်ဆောင်လာသော တိုင်းရင်းသားတစ်ဦးအား ဖဝေါရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုများအရ ယင်းမူးယစ်ဆေးဝါးများမှာ ထိုင်း -မြန်မာနယ်စပ်၊ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ၊ ဖိုးဖမြို့ ဘက်သို့ ပို့ဆောင်ခြင်းဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ယူဆထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *