September 20, 2024

၁၀. ၉. ၂၀၂၄
Written by Nay Moe

ဒီနေ့မနက်ပိုင်းမှာ မန္တလေးမြို့က ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို သေနတ်သမား ၇ ဦးခန့်က ကားတစ်စီးနဲ့လာရောက်ပြီး ဓားပြဝင်တိုက်သွားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့ ရုပ်သံမှတ်တမ်းနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်က ဒီမနက် ၇ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ မင်္ဂလာစျေးအနီး ဖွင့်လှစ်ထားတဲ့ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ဟာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက် ၁၀၁/ ဘီလမ်းနဲ့ ၇၁/ ဘီလမ်းမှာရှိတဲ့ နေအိမ်ကနေ ရွှေဆိုင်ဆီသွားရောက်ဖို့ ပြင်ဆင်နေချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၆ ဦးက နေအိမ်အတွင်းဝင်လာပြီး သေနတ်နဲ့ချိန်ကာ လုယက်သွားတာပါ။

ဓားပြတိုက်သူတွေဟာ AD Van အမျိုးအစား ကားတစ်စီးနဲ့ ရောက်လာပြီး ကားပေါ်က လူ ၆ ဦးဆင်းလာကာ ပစ္စတိုသေနတ်တွေနဲ့ ချိန်ရွယ်ပြီး အိမ်ထဲကနေ ခြင်းတောင်းနှစ်တောင်းကို ယူဆောင်ကာ ကားပေါ်တင်ကာ မောင်းပြေးသွားတာကို CCTV မှတ်တမ်းမှာ တွေ့မြင်ရပါတယ်။

ခြင်းတောင်းနှစ်တောင်းထဲမှာ ရွှေချိန် ၁၀ ပိဿာခန့်နဲ့ ကျပ်သိန်း ၁၀၀၀ ခန့်ပါဝင်ကာ လုယက်သူက ၇ ဦးခန့်ရှိတဲ့အကြောင်း လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တယ်လီဂရန်သတင်းဌာနတွေမှာ ဖော်ပြထားပြီး လုယက်တဲ့ကားက AD Van 3J/8313 ယာဥ်လို့ ဖော်ပြထားသလို ဒီဖြစ်စဥ်ကို MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရတာတွေ ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *