September 20, 2024

၁၀. ၉. ၂၀၂၄
Written by Nyein Kyaw

မွန်ပြည်နယ်၊ မော်လမြိုင်မြို၊ မြိုင်သာယာရပ်ကွက်၊ (၁၉)လမ်း၊ အိမ်အမှတ်(၁၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ကြေညာချက်အမှတ် (၅/၂၀၂၄) ဖြင့် ကြေညာထားသည်။

မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၅၁ ခုအား မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် ပါတီ ၅ ခုအား ရွေးကောက်ပွဲမတိုင်မီ စိစစ်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း UEC က စက်တင်ဘာ ၃ ရက်တွင် ဖြေကြားထားပြီး လက်ရှိတွင် မှတ်ပုံတင် ခွင့်ပြုပေးရန် ကျန်ရှိနေသည့် မွန်ညီညွတ်ရေးပါတီအား မှတ်ပုံတင်ခွင့်ပြုပေးခဲ့၍ မှတ်ပုံတင်ခွင့်ပြုပေးရန် ပါတီ ၄ ခုသာ ကျန်ရှိတော့သည်။

UEC သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက် ထားသော နိုင်ငံရေးပါတီပေါင်း ၅၀ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လက်ရှိအထိ တည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၇ ခု စုစုပေါင်းပါတီ ၆၇ ခုရှိသည်။ ယင်းပါတီများအနက် နိုင်ငံရေးပါတီ ၅၁ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၃ ခုနှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခု စုစုပေါင်းပါတီ ၁၁ ခုအား ဥပဒေနှင့်အညီ ငြင်းပယ်ခဲ့ပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *