MT News
၂၇.၁၂.၂၀၂၂
မနေ့ညက ကစားခဲ့တဲ့ ပွဲတွေမှာတော့ လီဗာပူးလ်၊ အာဆင်နယ်တို့ အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ်ကို အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီနှစ်မှာ ဖြေးဖြေးနဲ့မှန်မှန်ကစားနေတဲ့ နယူးကာဆယ်ကတော့ လက်စတာစီးတီးကိုနိုင်ပြီး ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာကို ရယူထားနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပွဲအပြီးမှာ ကစားသမားတော်တော်များများ အနားရထားလို့ အသင်းကြီးတွေ အောင်ပွဲရနေတာကို သတိထားကြရမှာဖြစ်သလို အသင်းတိုင်းရဲ့ သွင်းဂိုးတွေကလည်း များနေတာကို သတိထားရမှာဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲကောင်းတွေရှိနေပါတယ်။ ဒီလိုပွဲကောင်းတွေမှာ ပြုံးပျော်နိုင်မှာတွေ ရွေးပြီး MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
…
ချဲလ်ဆီး – ဘုန်းမောက်
ချဲလ်ဆီးအသင်း အထောင်တိုက်စစ်မှူးမရှိလို့ ၄ ပွဲဆက်အရှုံးနဲ့ရင်ဆိုင်နေရသလို လူနာများနေတာက ထိုးနှက်ချက်တစ်ခုပါ။ ချဲလ်ဆီးအလယ်တန်းခါးပြတ်နေပြီး ရှေ့တန်းကဂိုးသွင်းဖို့ ရုန်းကန်နေရပါတယ်။
ဘုန်းမောက်ကတော့ တိုက်စစ်ထက်မြက်နေပြီး ချဲလ်ဆီးနောက်တန်းကို ထိုးဖောက် ဂိုးရဖို့ကြိုးစားလာမှာပါ။အားနည်းချက်များနေတဲ့ချဲလ်ဆီး နိုင်ရင်တောင် ကပ်နိုင်မို့လို့ ဘုန်းမောက်အသင်းကို ရွေးချယ်တာ မမှားပါဘူး။
ရွေးချယ်မှု – ဘုန်းမောက်
…….
မန်ယူ – နော်တင်ဟမ် (2:30 AM)
မန်ယူအသင်းကတော့ လက်ရှိမှာ ရှေ့တန်းအတွက်
ရက်ဖို့ဒ် ၊ မာရှယ်ရှိနေပေမယ့် ဒီကစားသမား၂ ဦး ဒဏ်ရာရတာတွေ ကြံ့ခိုင်မှုမပြည့်တာတွေ ဖြစ်ခဲ့ရင် အစားထိုးဖို့ အခုစျေးကွက်မှာ လူသစ်ဝယ်ယူဖို့ လိုနေပါတယ်။ နော်တင်ဟမ်ကတော့ နောက်ဆုံး ၃ ပွဲဆက်မရှုံးပေမယ့် ခြေစွမ်းက အဝေးကွင်းဆို ခံစစ်တည်ငြိမ်မှုမရှိပါဘူး။ နော်တင်ဟမ်နဲ့ ဘောက်ဆင်ဒေးမှာ ၂ ကြိမ်တွေ့ဆုံရာမှာ ၂ ပွဲလုံး ဂိုးပြတ်အနိုင်ရထားပါတယ်။ ရာသီဝက်ပြန်အစမှာ မန်ယူမှာ လူစုံနီးပါးပြန်ပါလာပြီမို့ နော်တင် ဟမ်ခံစစ် မနည်းထိန်းချုပ်ရဖို့များပါတယ်။
မန်ယူအသင်းဟာ ဘောက်ဆင်ဒေး ၂၈ ပွဲကစားရာမှာ ၂၁ ပွဲနိင်၊ ၅ ပွဲသရေ၊၂ ပွဲရှုံးရလဒ်နဲ့ အကောင်းဆုံးရပ်တည်နေပြီး ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာ ၂ ရာသီဆက်နိုင်ပွဲပျောက်ထားတာမို့ ဒီရာသီမှာတော့ ၃ ရာသီဆက် မရှုံးအောင် ကလင်ဒါကျ ကစားမှာပါ။ နော်တင်ဟမ်အသင်းအနေနဲ့ ကစားသမား ၈ ဦးအထိ ဒဏ်ရာရ ပွဲပယ်ရှိနေတဲ့အပြင် ဘုန်းမောက်ပြီးရင် ပေးဂိုးအများဆုံးအသင်း
နော်တင်ဟမ်က မန်ယူကို ဂိုးအလှူကြီးပေးရမှာပါ။ဘောက်ဆင်ဒေးမှာ အဆင့် ၁၈ က နော်တင်ဟမ်ကို အပြတ်လှော်မယ့် မန်ယူအသင်းကို ရွေးချယ်တာ အကောင်းဆုံးပါ။
ရွေးချယ်မှု – မန်ယူ (2-0/3-0)
…….
ရက်ဒင်း – ဆွမ်ဆီး
ရက်ဒင်းအိမ်ကွင်းကောင်းပေမယ့် နောက်တန်းက ပေါက်နေပါတယ်။ ဆွမ်ဆီးက ၃ ပွဲဆက်နိုင်ပွဲပျောက်နေတာပါ။ ဒီလိုအသင်းကို ဆွမ်ဆီးက ကြေးပြန်ပေးထားရလို့ ဘွတ်ကီတွေဟာ ဆွမ်ဆီးဘက်ကရှိနေတာ ထင်ရှားပါတယ်။ဘွတ်ကီဘက်ကနေထိုင်တာအကောင်းဆုံးပါ။
ရွေးချယ်မှု – ဆွမ်ဆီး
…….
ဘန်လေ – ဘာမင်ဂမ်
ဘန်လေက နည်းပြကွန်ပနီလက်အောက်မှာ အဆင့် ၁နေရာအထိ ရောက်ပြီး ခြေစွမ်းအရမ်းကောင်းနေပါတယ်။ ဘာမင်ဂမ်ကတော့ အဝေးကွင်းဆို ခြေစွမ်းက သာမာန်မို့ ဘန်လေကိုအောပစ်တာ အကောင်းဆုံးပါ။
ရွေးချယ်မှု – ဘန်လေ
……..