November 10, 2024

၉. ၈. ၂၀၂၄
Written by Nyein Kyaw

ယနေ့တွင် ဒေါ်လာဈေးနှုန်း အတက်အကျများခဲ့ပြီး ဈေးနှုန်းပြောင်းလဲမှု ၆ ကြိမ်အထိဖြစ်ပေါ်ကာ ညနေပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၄၈၀၀ သို့ ခုန်ဆင်းခဲ့သော်လည်း နာရီပိုင်းသာကျဆင်းမှုရှိခဲ့ပြီး ညပိုင်းဈေးနှုန်းပိတ်ချိန်တွင် ကျပ် ၅၂၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၄၆၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး ဗဟိုဘဏ်မှ ဒေါ်လာများ ထုတ်ရောင်းပေးခဲ့သော်လည်း ဩဂုတ်လ ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၅၀၀ အထိ ထပ်မံမြင့်တက်ခဲ့သလို ဩဂုတ်လ ၁၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ‌ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။

ယင်းကဲ့သို့ ဒေါ်လာဈေးနှုန်း အဆမတန်မြင့်နေမှုကြောင့် ဗဟိုဘဏ်မှ ဩဂုတ်လမှ လက်ရှိအချိန်အထိ တစ်လကျော်အတွင်း ဒေါ်လာသန်း ၂၀၀ ကျော်အထိ ရောင်းချပေးခဲ့ပြီးနောက် ဩဂုတ်လ ၂၁ ရက်မှစတင်၍ တစ်ဒေါ်လာ ကျပ် ၆၀၀၀ အောက် ပြန်ကျဆင်းခဲ့ပြီး ယခုစက်တင်ဘာလဆန်းတွင် ကျပ် ၅၅၀၀ ဝန်းကျင်မှ စက်တင်ဘာ ၇ ရက်တွင် ကျပ် ၅၃၀၀၊ စက်တင်ဘာ ၈ ရက်(ယမန်နေ့)တွင် ကျပ် ၅၁၅၀ သို့ ကျဆင်းခဲ့သည်။

ယင်းကဲ့သို့ ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းခဲ့ရာ ယနေ့တွင် ဈေးနှုန်းပြောင်းလဲမှု ၆ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၄၈၀၀ သို့ ခုန်ဆင်းခဲ့ကာ တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ထားသော ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ အောက်သို့ ပထမဆုံးကျဆင်းခဲ့သော်လည်း ညပိုင်းဈေးနှုန်းပိတ်ချိန်တွင် ကျပ် ၅၂၀၀ သို့ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းများမှာ စက်တင်ဘာ ၅ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၆၅၀ ၊ စက်တင်ဘာ ၆ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၅၅၀ ၊ စက်တင်ဘာ ၇ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၃၀၀ ၊ စက်တင်ဘာ ၈ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၁၅၀ ၊ စက်တင်ဘာ ၉ ရက် (ယနေ့) နံနက်ပိုင်းတွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၁၀၀၊ ညနေပိုင်းတွင် ကျပ် ၄၈၀၀၊ ညနေပိုင်းပိတ်ချိန်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၂၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *