September 20, 2024

၉. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်တွင် ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်လည်ပတ်ကြရာ နေရာတစ်ခုဖြစ်သည့် မြို့၏အထင်ကရ အဆောက်အအုံနေရာလည်းဖြစ်သော ချာတူချတ်စျေး၌ ဥယျာဉ်၊ ပန်းခြံ ရှုခင်းသာယာမှုရှိစေရန်ဆောင်ရွက်ရေးအတွက် နာရီစင်တစ်ဝိုက်ရှိ ဈေးသူဈေးသားများ အနေနှင့် ဈေးမှ ဥပဒေအရ ဖယ်ရှားခြင်းခံရမည်ဟု ပြောကြားလာခြင်းအပေါ် ချာတူချတ်ဈေးမှ ဈေးသူဈေးသားများက စက်တင်ဘာ ၇ ရက်တွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ချာတူချတ်ဈေးကို ကြီးကြပ်လည်ပတ်သည့် ဘန်ကောက်မြို့ စီမံခန့်ခွဲရေးအဖွဲ့(BMA) က ဈေး၏ ဈေးရုံအပိုင်း ၃၀ ရှိ ဆိုင်ခန်းပေါင်း ၅၂၉ ခန်းမှာ အောက်တိုဘာလတွင် ၎င်းတို့၏နှစ်စဉ်ဆိုင်ခန်းစာချုပ်များကို သက်တမ်းတိုးပေးတော့မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

ထို့နောက်တွင်မူ ဈေးရုံ အပိုင်း ၃၀ ရှိ ဆိုင်ခန်း၌ ဂျင်းအဝတ်အထည်များ၊ ဘောင်းဘီနှင့်စကတ်များကို နှစ် ၃၀ ခန့် ရောင်းချလာခဲ့သည့် အဝတ်အထည်လက်လီရောင်းချသူ နီကွန်က ၎င်းအနေဖြင့် ဈေးငှားရမ်းခများကို ပုံမှန်အချိန်မီပေးချေနေသော်လည်း ဆိုင်ခန်းကိုဖယ်ရှားခံရတော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်တွင် Nation TV သို့ တိုင်ကြားမှုပြုခဲ့သည်။

၎င်းက ထိုသို့ နှင်ထုတ်ဖယ်ရှားခံရမှုများကို ဆန္ဒပြရန် ဈေးသူဈေးသားများက စက်တင်ဘာလ ၇ ရက်တွင် ဈေးရုံး၌ စုရုံးခဲ့ကြကြောင်းလည်း ပြောခဲ့သည်။ နီကွန်က “ကျွန်တော်တို့အတွက် ဈေးရုံ အပိုင်း ၃၀ က ဈေးဆိုင်ခန်းတွေကို အောက်တိုဘာလကုန်ရင် ဘာ‌ကြောင့် သက်တမ်းထပ်မတိုးပေးနိုင်ရတော့တာလဲ သိချင်ပါတယ်” ဟု ပြောခဲ့သည်။

၎င်းက BMA ၏ ဈေးကြီးကြပ်ရေးရုံးက ဈေးရုံအပိုင်း ၃၀ ကို လှုပ်ရှားမှုများပြုလုပ်ဆာင်ရွက်မည့်နယ်မြေအဖြစ်သို့ ပြောင်းလဲဆောင်ရွက်မည်ဖြစ်၍ ထိုနေရာရှိ ဈေးခန်းများက အတွင်းဘက်နယ်မြေသို့ ပြောင်းရွှေ့ပေးရန် ၎င်းအားအကြောင်းကြားခဲ့ကြောင်းလည်း ပြောခဲ့သည်။ လာရောက်ဈေးဝယ်သူအများစုက ဈေး၏အပြင်ဘက်အပိုင်းတွင်သာ ပို၍လမ်းလျှောက်ဈေးဝယ်ကြသောကြောင့် ထိုသို့ပြုလုပ်ခြင်းက ဈေးသည်များ၏ ဝင်ငွေကိုထိခိုက်စေနိုင်သည်ဟုလည်း ၎င်းကဆက်လက်ပြောခဲ့သည်။

ဈေးရုံအပိုင်း ၃၀ ရှိ ဈေးသူဈေးသားများက Din Daeng ခရိုင်မြို့တော်ခန်းမရုံးသို့လည်း ထိုကိစ္စအတွက် စာတစ်စောင်တင်ထားသည့်အပြင် ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူးထံလည်း ထိုကိစ္စကိုဖြေရှင်းပေးရန် တောင်းဆိုထားကြကြောင်း သိရသည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *