September 20, 2024

၉.၉.၂၀၂၄
Written by TZ

ယနေ့ စက်တင်ဘာလ ၉ ရက် နေ့လယ် ၁ နာရီခန့်တွင်နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ (ဘုရားတောင်) ၊ အမြန်လမ်းမီးသတ်စခန်းအပိုင်၊ အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃၆/၂-၃) ဖာလုံကြား၊ (မန္တလေး – ရန်ကုန်) လမ်းပေါ်၌ Mitsubishi Canter ယာဥ်ပေါ်တွင် လိုက်ပါလာသူခရီးသည်တစ်ဦးမှ ယာဥ်နောက်တွင် မီးခိုးများထွက်နေသည်ဟု အော်ပြီး ယာဥ်ပေါ်မှခုန်ချရာက သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ နတ်မောက်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် Mitsubishi Canter အမျိုးအစား အဖြူရောင်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၀ ဦးလိုက်ပါလာသည့် ယာဥ်ပေါ်မှ ခရီးသည်အမျိုးသမီးတစ်ဦးမှာ ဖြစ်စဥ်နေရာတွင် ယာဥ်၏နောက် မီးခိုးများထွက်နေသည်ဟုဆိုကာ ယာဥ်ပေါ်မှာ ခုန်ချခဲ့ခြင်းဖြစ်သည်။

“ကားက ဘာမှမဖြစ်ဘူး။ ကားနောက်မှာ မီးခိုးထွက်နေတယ်ဆိုပြီး ခုန်ချတာ။ ခုန်ချတဲ့သူက အသက်က ၅၀ လောက်ရှိပြီ”ဟု ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီသည့် အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ယာဥ်ပေါ်မှခုန်ချပြီးသေဆုံးသည့် အမျိုးသမီး၏ ရုပ်အလောင်းကို တောင်ညို နာရေးကူညီမှုအသင်းပိုင်ယာဥ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အခင်းနေရာသို့ (ဘုရားတောင်) အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး သွားရောက်ကူညီဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Photo – ko hein

Leave a Reply

Your email address will not be published. Required fields are marked *