September 20, 2024

၉.၉.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ပဲခူးလမ်းတွင် နေအိမ်ခြံဝန်းထဲ၌ ရပ်ထားသည့် BMW မော်တော်ယာဥ်တစ်စီး မီးလောင်ရာ ယာဥ်၏ ဆုံးရှုံးမှုတန်ဖိုး သိန်း ၈၀၀ ကျော်ဆုံးရှုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၈ ရက် ည ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ယာဥ်ထဲရှိ ဆီတိုင်ကီ၏အပေါ်ဘက်ခြမ်း၌ရှိသည့် ဝိုင်ယာတွင်းမှ မီးခိုးများထွက်ပြီး ဆီတိုင်ကီပေါ်ရောက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲ့ဒီကားက အရင်ကရေတက်တော့ ရေမြုပ်ဖူးတယ်။ ရေမြှုပ်ထားတော့ အဲ့ဒီကားကိုမသုံးဘဲ တခြားကားတွေပဲသုံးတာ။ အဲ့ဒီနေ့မှ ဆံပင်ညှပ်တော့ အဲ့ဒီကားစီးပြီး ပြန်ရောက်တော့ ကားပါကင်မှာရပ်လိုက်တာ။ ညကြတော့ ထုတ်မောင်းထားတဲ့အရှိန်ကြောင့် ဝိုင်ယာကနေ မီးခိုးထွက်တယ်။ နောက်ပိုင်းကြတော့ ဓာတ်ဆီကားဆိုတော့ ဆီတိုင်ကီဘက်ရောက်တော့ မီးလောင်တာပိုမြန်သွားတာ။ ကားက BMW -၂၀၁၀။ သိန်းတစ်ထောင်လောက်ရှိတယ်ပြောတယ်။ မီးလောင်တာက နောက်ပိုင်းတွေပဲ။ မီးလောင်ဆုံးရှုံးတာက သိန်း ၈၀၀။ ကားဂိုထောင်လည်း လောင်တယ်။ ဂိုထောင်တန်ဖိုးက ၇၅၀၀၀၀ ရှိတယ်” ဟု ဥတ္တရသီရိမြို့ရှိ မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

မီးလောင်သည့်ယာဥ်ကို ဥတ္တရသီရိမြို့နယ်ရှိ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် (၃) စီး၊ ပုဗ္ဗ(၂) နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေယာဥ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ မီးငြိမ်းသတ်ရာ ၁၁ နာရီ ၃၂ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

Photo -Myanmar Fire Services Department

Leave a Reply

Your email address will not be published. Required fields are marked *