September 20, 2024

၉.၉.၂၀၂၄
Written By Thandar

ပရိသတ်အားပေးမှုတွေရရှိထားတဲ့ သရုပ်ဆောင် နော်ဖောအယ်ထားက“မသဲကွဲသော အိပ်မက်” ဇာတ်လမ်းတွဲမှာ အောင်ရဲလင်းနဲ့ပထမဦးဆုံးတွဲသရုပ်ဆောင်ရသလို အိမ်ထောင်ရေးဇာတ်မို့ နက်ရှိုင်းလာတယ် ဆိုပါတယ်။

“နော်ဖော ကာရိုက်တာက ငယ်ငယ်ရွယ်ရွယ် လူတစ်ယောက်ကို ကြွေသွားတယ်။ ဒီလူကိုပဲ လက်ထပ်ပြီး အိမ်ထောင်ကျသွားတယ်ပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားပြီး အချစ်ကို အရမ်းကိုးကွယ်တဲ့ ခရေခ ကာရိုက်တာလေးနဲ့ ပါဝင်ထားပါတယ်။ ချစ်ခန်းတွေ သိပ်မပါပါဘူး။ ရိုမန့်ဒရာမာလေးကိုမှ သုံးပွင့်ဆိုင်ပြဿနာတွေဖြစ်တဲ့ ဇာတ်လေးပါ။ ငယ်တာမို့ အရမ်းသဝန်တိုတယ်။ အိမ်ထောင်ကျလာပြီး တဖြေးဖြေး သားသမီးတွေ ရလာချိန်ပါလာတော့ ဇာတ်ကပိုပြီး Deep နက်ရှိူင်းလာတယ်။ အိမ်ထောင်ရေးဇာတ်မို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ လွဲကြတာတွေပါတယ်။ ဒီကားလေးက ပရိသတ်တွေလောင်ရမယ့်ကားလေးပါ။ ပရိသတ်တွေ ကြည့်ရင်း အသည်းယားရမယ်ပေါ့။ နော်ဖောနဲ့ အကိုရဲ့ ပထမဆုံး တွဲရိုက်ဖြစ်တဲ့ကားလေးပါ”လို့ သရုပ်ဆောင်နော်ဖောအယ်ထားက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း ၊ သူရိယ၊ နန်းဆုဦး ၊ နော်ဖောအယ်ထား၊ အောင်လေး စတဲ့သူတွေနဲ့ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။

“မသဲကွဲသော အိပ်မက်” ဇာတ်လမ်းတွဲကိုတော့ လာမယ့် အောက်တိုဘာလမှာ Canal Plus Channel , Canal + Zat Lenn တွေမှာ ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။

“အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် ၊ Relationship မှာပဲဖြစ်ဖြစ် ယောက်ျားလေးနဲ့ မိန်းကလေး ပြဿနာဖြေရှင်းတာတွေ သိပ်မတူကြဘူးလို့ ပြောလို့ရတယ်။ မိန်းကလေးဘက်က ကြည့်ရင်လည်း မှန်တယ်။ ယောက်ျားလေး ဘက်က ကြည့်ရင်လည်း မှန်တယ်။ ဒါပေမယ့် အိမ်ထောင်ရေးဖြစ်သွားတော့ သမီးရည်းစားတွေလို လွယ်လွယ် လမ်းခွဲပြတ်စဲဖို့က မရတော့ဘူး။ဘယ်လောက်ထိ သည်းခံနိုင်မလဲဆိုတာပေါ်မူတည်သွားတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *