September 20, 2024

၈.၉.၂၀၂၄
Written by KL

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ (၂)လမ်းရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာ ၇ ရက်၊ နံနက်အ​စောပိုင်းက ထိုင်းနိုင်ငံသား ၁ ဦးအပါအဝင် အမျိုးသား ၃ ဦးထံမှ ဘိန်းစာရွက်အရည်နှင့် ဘိန်းစာရွက်များကို ဖမ်းမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

မယ်ခေါင်ရပ်ကွက် (၂) လမ်းရှိ နေအိမ်တစ်လုံးတွင် ဘိန်းစာရွက်အရည်နှင့် ဘိန်းစာရွက်များ ရောင်းချနေသည်ဟု သတင်းရရှိသဖြင့် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာမှ ထိုင်းနိုင်ငံသား ဖိဆစ်(ခ) Pisit(ခ) Porntha Wonsuk နှင့် စိုင်းထွန်းလှ၊ စိုင်းဆွေအောင်တို့ကို ဘိန်းစာရွက်အရည်များနှင့် ဘိန်းစာရွက်များနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

နေအိမ်၏ မီးဖိုချောင်အတွင်းမှ ဘိန်းစာရွက််ပြုတ်ရည်ဘူး ၁၅၀၊ ဘိန်းစာရွက်အစို ၂၀ ကီလို၊ Datissim စာတမ်းပါ ချောင်းဆိုးပျောက်ဆေးရည် ပုလင်း ၁၅၀၊ ဘိန်းစာရွက်ပြုတ်ရာတွင် အသုံးပြုသည့် စတီးပေါင်းအိုး၊ ဂက်စ်မီးဖို၊ ကြိတ်ဖျော်စက်၊ ပလတ်စတစ်ရေဗူးခွံများ၊ ဘိန်းစာရွက်နှင့် ထိုင်းစာတမ်းပါ ကပ်ခွာစာရွက်များအပါအဝင် အခြားသော ဆက်စပ်ပစ္စည်းများကိုပါ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားအပါအဝင် အမျိုးသားသုံးဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *