September 20, 2024

၈. ၉. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ပြီးသွားပြီလို့ MNDAA က ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန်မှာပဲ ဒီနေ့မနက်မှာ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရရာမှာ MNDAA ဘက်က ခေါင်းဆောင်သုံးဦးအပြင် ငယ်သား ၄၀ ကျော်ပါ သေဆုံးတယ်ဆိုတဲ့ အသံဖိုင်ပျံ့နှံ့နေတာ တွေ့ရပါတယ်။

ဒီတိုက်ခိုက်မှုက ဒီနေ့ စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီမှာ စတင်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ကို လေကြောင်းက ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့တာလို့ MNDAA ရဲ့ ကိုးကန့်မီဒီယာက ထုတ်ပြန်လာကာ နံနက် ၄ နာရီ ၃ မိနစ်နဲ့ ၄ နာရီ ၈ မိနစ်အချိန်တို့မှာ ရပ်ကွက် (၁၂) အားကစားရုံနဲ့ ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ်အနီး ဗုံး ဆက်တိုက်ကျရောက် ပေါက်ကွဲခဲ့တယ်ပြောပြီး MNDAA ရဲ့ ထုတ်ပြန်ချက်မှာတော့ ရပ်ကွက် (၁၂) အားကစားရုံမှာ ပြည်သူတွေရဲ့ ကားတွေဆိုင်ကယ်တွေ ပြန်မပေးဘဲ သိမ်းထားတဲ့အထဲက ကား ၁၉ စီးပျက်စီးပြီး Silver Sky ဟိုတယ်မှာလည်း အဆောက်အအုံ ပျက်စီးထိခိုက်မှုရှိပြီး လူမထိခိုက်ဖူးလို့ ​​ပြောထားပါတယ်။

ဒါပေမဲ့လည်း MT News နားထောင်ရတဲ့ အသံဖိုင်မှာတော့ MNDAA က ကားတွေဆိုင်ကယ်တွေ လုယက်သိမ်းယူထားရာ ရပ်ကွက် (၁၂) အားကစားရုံမှာ ကားတွေဆိုင်ကယ်တွေကို လုံခြုံရေးရယူနေတဲ့ MNDAA တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး Silver Sky ဟိုတယ်မှာတော့ MNDAA ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနဲ့ သူတို့ကို လုံခြုံရေးယူပေးတဲ့ ငယ်သား ၁၅ ဦးခန့်သေဆုံးခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီရုပ်အလောင်းတွေကို ချက်ချင်းပဲ နမ္မတူဘက်အထွက် မြို့ရှောင်လမ်းဘက်က သင်္ချိုင်းကုန်းမှာမြှုပ်တယ်လို့လည်း ပြောနေတာကို ကြားရပါတယ်။

MNDAA အပါအဝင် နယ်​မြေလုသိမ်းပိုက်နေတဲ့ လက်နက်ကိုင်တွေနဲ့ PDF တွေဟာ သူတို့ကိုယုံစားထောက်ခံတဲ့ လက်နက်ကိုင်ငယ်သားတွေ စိတ်ဓာတ်ပျက်ပြားမှာစိုးလို့ တပ်သားသေဆုံးမှုတိုင်းမှာ အလှူခံလို့ရနိုင်သူသေဆုံးမှုလောက်ပဲ ထုတ်ပြန်လေ့ရှိသလို အလောင်းတွေကိုလည်း စစ်မြေပြင်မှာ သက်သေမကျန်အောင် ချက်ချင်းပြန်ကောက် လက်စဖျောက်တတ်ကြတဲ့အပြင် သတင်းလည်းမထုတ်ပြန်တာမို့လို့ MT News အနေနဲ့ ဒီသေဆုံးမှုကို တရုတ်ကိုးကန့် MNDAA ထံ အတည်မပြုနိုင်ဘဲ ထွက်ပေါ်နေတဲ့ အသံဖိုင်အပေါ်သာ တစ်ဆင့်ဖော်ပြခြင်းဖြစ်ပါတယ်။

လားရှိုးမြို့ဟာ တရုတ်ကိုးကန့် MNDAA နဲ့ PDF တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နဲ့ ဖော်ဆောင်လာတဲ့ မြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးထောင် ဖောက်ထွင်းတိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၅၀၀ လောက် သေကြေခဲ့ရသလို MNDAA ထိန်းချုပ်အပြီးမှာလည်း ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဗမာလူမျိုးပိုင်ပစ္စည်းဥစ္စာတွေ သိမ်းယူမှု၊ ဗမာလူမျိုးအဝင်မခံမှုတွေ ပြုလုပ်နေတဲ့ တိုက်ပွဲဖြစ်ဆဲမြို့လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *