September 20, 2024

၈. ၉.၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး ကားလမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို PDF တွေက စက်တင်ဘာ ၆ ရက်မှာ ဖမ်းမိထားတယ်လို့ Myingyan Ranger အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး ကားလမ်းပေါ် စက်တင်ဘာ ၆ ရက်နေ့မှာ PDF တွေက ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးနေချိန် ဆိုင်ကယ်တစ်စီးနဲ့ မြင်းခြံမြို့ဘက်ကလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို လက်ပစ်ဗုံးတစ်လုံးနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဒီစစ်ဆေးဖမ်းဆီးမှုကို Myingyan Ranger အဖွဲ့၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ Freedom Fighter Guerrilla Force (FFGF) နဲ့ ရဲခေါင်ပျောက်ကြားအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း Myingyan Ranger အဖွဲ့က ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *