September 20, 2024

၈. ၉. ၂၀၂၄
Translated by Thettant

မြန်မာစံတော်ချိန်အရ စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီခွဲအချိန် အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့က ဘောအရီနာကွင်းကြီးမှာကျင်းပခဲ့တဲ့ ဒီပွဲမှာ မြန်မာစပါးကြီးမြွေအောင်လဟာ တူရကီသား ရှမေးလ် အာဒိုဂန်ကို မရှုမလှ အရေးနိမ့်ခဲ့ပေမဲ့ ထိုးသတ်ကြေးက ဒေါ်လာ ၁ သိန်းရပြီး အာဒိုဂန်ထက် ဆယ်ဆသာခဲ့ပါတယ်။

ONE 168 ပြိုင်ပွဲမှာ တွဲဆိုင်း ၁၂ ဆိုင်းပါဝင်ပြီး ခေါင်ပွဲဖြစ်တဲ့ စူပါလက်ခ်နဲ့ ဟက်ဂါတီတို့ပွဲမှာ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်ချန်ပီယံဟက်ဂါတီက ထိုးသတ်ကြေး ဒေါ်လာလေးသိန်းရပြီး သူ့ဆီက ချန်ပီယံခါးပတ်လုယူနိုင်ခဲ့တဲ့ စူပါလက်ခ်က ထိုးသတ်ကြေး ဒေါ်လာ ၂ သိန်းခွဲနဲ့ ဟက်ဂါတီကိုနိုင်လို့ ဆုကြေး ဒေါ်လာ ၅၀၀၀၀ ရတာကြောင့် ဒီတစ်ပွဲနဲ့တင် ဒေါ်လာ ၃ သိန်းရခဲ့တာပါ။

စိုးလင်းဦးနဲ့ ထိုးသတ်မယ်လို့ ပြောဆိုခံနေရတဲ့ ဆက်ခ်ဆန်ကတော့ ထိုးသတ်ကြေးဒေါ်လာ ၇၅၀၀၀ နဲ့ ဆုကြေး ဒေါ်လာ ၅၀၀၀၀ ရသွားလို့ ဒီအနိုင်ပွဲမှာ ဒေါ်လာ ၁၂၅၀၀၀ ရပြီး သပိတ်ဝင်အိတ်ဝင်ဖြစ်သွားတာပါပဲ။

အောင်လနဲ့ အာဒိုဂန်ပွဲမှာတော့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဟောင်း အောင်လက ထိုးသတ်ကြေး ဒေါ်လာ တစ်သိန်းရပေမဲ့ အာဒိုဂန်က ဒေါ်လာ တစ်သောင်းပဲရတာပါ။ ဒါပေမဲ့ အနိုင်ထိုးသတ်ကြေး ဒေါ်လာ တစ်သောင်းရသွားလို့ ဒေါ်လာ နှစ်သောင်း ရပေမဲ့လည်း ဝိတ်ပိုတဲ့အတွက် ဆုကြေး ဒေါ်လာ ၅၀၀၀၀ နဲ့ ဝေးခဲ့ရပါတယ်။

Ref , Sporty Salaries / Photo – One

Leave a Reply

Your email address will not be published. Required fields are marked *