September 20, 2024

၈.၉.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့တွင် ၇ ရက် ကြာပျောက်ဆုံးနေသော အသက် ၆၈ နှစ်အရွယ် အဘိုးအိုကို မြေနီကျင်းရွာအနောက်ဘက် လွယ်ငိုင်းတောင်ဘုရားအောက်ဘက်၌ သစ်ပင်ခုတ်ရင်း ပြုတ်ကျ သေဆုံးသော ရုပ်အလောင်းအဖြစ် စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဘိုးအိုမှာ မြို့ဟောင်းရပ်ကွက်တွင်နေထိုင်သော အသက် ၆၈ နှစ်အရွယ် ဦးဖိုးမီဖြစ်ပြီး သြဂုတ်လ ၃၀ ရက်နေ့က တောထဲရှိ ခြံသို့ သွားမည်ဟုဆိုကာ နေအိမ်မှ ထွက်သွားရာမှ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသောအဘိုးအိုကို လွယ်ငိုင်းတောင်ဘုရားအောက်ဘက်၌ သစ်ပင်ခုတ်ရင်း ပြုတ်ကျသေဆုံးနေသည်ကို ရုပ်အလောင်းအား တွေ့ရှိသော နွားကျောင်းသားက ရပ်ရွာနေသူများထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဘိုးအို၏ ရုပ်အလောင်းကို ​အောင်ပန်းနာရေးကူညီမှုအသင်းမှ အသင်းဝင်များက သွားရောက်သယ်ဆောင်ပေးခဲ့ပြီး မင်းဂူသုဿန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *