September 20, 2024

၇.၉.၂၀၂၄
Written By Thandar

ရုပ်ရှင်သရုပ်ဆောင် ညီနန္ဒ ကို” The Heritage Flavour Restaurant & Lounge က Brand Ambassador ခန့်အပ်ပွဲနဲ့ ဆိုင်သစ်ဖွင့်ပွဲကို စက်တင်ဘာ ၇ ရက် ည ၇ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးမှာ အနုပညာရှင်တွေနဲ့အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

“ကျွန်တော်ကို Band Ambassador အနေနဲ့ ခန့်အပ်တဲ့အတွက်လည်း ကိုယ့်မှာ တာဝန်တွေပိုကြီးလာတယ်။ ပိုပြီးလည်း Band Ambassador နဲ့ ကိုက်ညီအောင်နေထိုင်ရပါတယ်။ ကိုယ့်ကို ယုံကြည်စွာအပ်နှံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ သိတာက Expresso Coffee ရှိကြပေမယ့် ဒီဆိုင်မှာထူးခြားချက်က World Famous Switzerland Brand ဖြစ်တဲ့ Nespresso က Barista Creations Flavors တွေ မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ ဒီဆိုင်မှာ အိန္ဒိယအစားအစာတွေ Main Menu တွေလည်းအများရှိပါတယ်။ ဒီမှာ မွေးနေ့ပွဲပဲလုပ်လုပ် အချက်အခြာကျပြီး လှပတဲ့နေရာမှာ ဖွင့်လှစ်ထားတာမို့ ပုံလေးတွေလည်း ရိုက်လို့ကောင်းပါတယ်။ လာဖို့ဖိတ်ခေါ်ပါတယ်” လို့ Band Ambassador သရုပ်ဆောင်ညီနန္ဒက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ‌တော့ အနုပညာလောက အသိုင်းအဝိုင်းက သရုပ်ဆောင်တွေဖြစ်တဲ့ အောင်လေး၊ စစ်သွေး၊ ညီညီမောင်(စမ်းချောင်း)၊ မိုးသူရ ၊ ဇင်အောင်၊ဒီမိုးစက်၊ စိုးမိုးကြည်၊ ရတနာမိုင်၊ ခရစ္စတီးနား၊ ထွန်းပုလဲရတနာ၊ နှိုင်းယှဉ်မြင့်မိုရ်၊ နွေနွေးချစ်ဖွယ်၊ ချိုမဒီသွင် စတဲ့သူတွေတက်ရောက်ခဲ့သလို အခမ်းနားမှူးအနေနဲ့ ထက်ထက်ထွန်းက ပါဝင်ပေးခဲ့ပါတယ်။

ညီနန္ဒကတော့ စက်တင်ဘာ ၇ ရက်နေ့မှာ ၇ ခုမြောက် Band Ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *