September 17, 2024

၇. ၉. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးက MPT တာဝါတိုင်စောင့် ဇနီးမောင်နှံအပါအဝင် သက်ကြီးရွယ်အိုဇနီးမောင်နှံနှစ်စုံတွဲကို PDF တွေက သတ်ဖြတ်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်က စက်တင်ဘာ ၃ ရက်‌ နံနက် ၈ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညန်ကန်ကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါကျေးရွာနေ ဦးအောင်ဝင်း(၆၇)နှစ်ဟာ ဇနီး ဒေါ်ဖွားမြိုင်(၆၀)နှစ်နဲ့အတူ နေအိမ်မှာရှိနေချိန် PDF ၁၀ ဦးခန့်က ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ ဇနီးမောင်နှံနှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်တွေနဲ့ ပွဲချင်းပြီး သေဆုံးသွားခဲ့ရတာပါ။

အလားတူ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာအနီးမှာ သေနတ်၊ ဓားတွေနဲ့ ပစ်ခတ်ထိုးခုတ်ခံရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါကျေးရွာနေ MPT တာဝါတိုင်အစောင့်ဝန်ထမ်း ဦးခင်မောင်ဝင်း(၇၀)နှစ်ဟာ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးဝင်း(၆၃)နှစ်နဲ့အတူ ကျေးရွာရဲ့အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ ဘော်ဒါကျေးရွာနဲ့ ပေါ်လံကြီးကျေးရွာကြား ပေါက်ခေါင်း-အုတ်တွင်းလမ်း မိုင်တိုင်အမှတ် ၄၈ မိုင် ၃ ဖာလုံအနီးက MPT တာဝါတိုင်ကို မီးစက်မောင်းရန် ထွက်ခွာလာချိန် တာဝါတိုင်အနီးအရောက် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က သေနတ်၊ ဓားတွေနဲ့ ပစ်ခတ်ထိုးခုတ် သတ်ဖြတ်သွားခဲ့လို့ ဇနီးမောင်နှံနှစ်ဦးလုံး ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ အသက် ၇၀ အရွယ် ဦးခင်မောင်ဝင်းတို့ ဇနီးမောင်နှံကို သတ်ဖြတ်တာက ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ (၄)၊ တပ်ခွဲ(၅) နဲ့ ရွှေတောင်ပကဖတို့ဖြစ်ပြီး ဦးခင်မောင်ဝင်းကို ပျူစောထီး အုပ်ချုပ်ရေးမှူးလို့ စွပ်စွဲသတ်ဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *