September 20, 2024

ဖမ်းဆီးခံရသူများထဲက ၈ ဦးမှာ တရားမဝင်ရောက်လာသူများဖြစ်နေ

၇.၉.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံတွင် အွန်လိုင်းကဈေးရောင်းသည့် မြန်မာ ၁၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးလိုက်ကြောင်း ထိုင်း ဒေသတွင်း ch3onlinenews က ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ယိုင်မြို့နယ်၊ ဘန်မွမ့်ကျေးရွာတွင်နေထိုင်ပြီး အွန်လိုင်းကဈေးရောင်းချနေသည့် မြန်မာအမျိုးသား ၅ ဦး ၊ အမျိုးသမီး ၅ ဦး တို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ညနေပိုင်းက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအထဲမှ ၈ ဦးမှာ တရားမဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုဖြစ်စဉ်တွင် အွန်လိုင်းကဈေးရောင်းချိန် အသုံးပြုသော iPad Gen 5 အမျိုးအစား တစ်လုံး၊ IiPhone 13 အမျိုးအစား တစ်လုံး၊ ထိုင်းဘဏ်စာအုပ် တစ်အုပ်၊ ထိုင်းဘဏ်စာအုပ်တွင် အွန်လိုင်းဈေး ရောင်းချခြင်းဖြင့် အသုံးပြုလည်ပတ်နေသော ထိုင်းဘတ်ငွေ ၂ သိန်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ch3onlinenews တွင် ရေးသားထားသည်။

ယခုအခါ အဖမ်းခံရသူများကို ဘန်ယိုင်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူမှုများပြုလုပ်မည်ဖြစ်ကာ ယင်းလုပ်ငန်းစဉ်ပြီးမြောက်ပါကဘန်ယိုင်မြို့နယ်လဝကရုံးက မြန်မာနိုင်ငံသို့ နယ်စပ်မှ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *