September 20, 2024

၆.၉.၂၀၂၄
Written By Thandar

ပရိသတ်တွေအမောပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ ” သူချစ်ခင်” ရုပ်ရှင်ဇာတ်ကားကြီး Media Show ကို ယနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ KER Gold Class မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ အိမ်ထောင် ရိုက်ကူးထုတ်လွှင့်ချိန်ကာလတုန်းက ပရိသတ်တွေကြည့်ပြီး ပူလောင်ခဲ့ရတယ်။ စိတ်မွန်းကြပ် ပင်ပန်းခဲ့ကြရတယ်။ ဒါတွေကို ကျွန်တော်တို့က ပြန်အရည် ပြန်ဖျော်ပေးတာပါ။ အောင်မြင်တဲ့ ဇာတ်ကောင်ကို ပြန်လည် ရိုက်ကူးကြတာက နိုင်ငံတကာမှာလည်း ရှိပါတယ်။ ကျွန်တော်တို့က အဲ့ပုံစံမျိုးလေးပြန်လည် ရိုက်ဖြစ်ခဲ့ကြတာပါ။ ဒါရိုက်တာမယ်မင်းဘုံရဲ့ Idea ကြောင့် ဒီဇာတ်လေးဖြစ်ပေါ်လာတာပါ။ ပရိသတ်တွေကြည့်ရှုရရင် ဘဝအမောတွေပြေပျောက်မှာပါ” လို့ သရုပ်ဆောင်ညီထွဋ်ခေါင်က ပြောပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ ဒါရိုက်တာ မယ်မင်းဘုံ၊သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ညီထွဋ်ခေါင်၊ ချောရတနာ၊ ရတနာဗို၊ ထက်ထက်ထွန်း၊ သင်းသဲဗို၊ မျိုးမျိုးခိုင်၊ ရှိုင်းတင်ထူး စတဲ့ အနုပညာရှင်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။

အောင်သီရိထုတ်လုပ်ရေးရဲ့ ဒီရုပ်ရှင်ကားကြီးကိုတော့ ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံ ဇာတ်ညွှန်းပိုင်းနဲ့ ဒါရိုက်တာအနေနဲ့ မယ်မင်းဘုံတို့က သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ညီထွဋ်ခေါင်၊ ဗညားဘုန်းပြည့်၊ ချောရတနာ၊ ရတနာဗို၊ ထက်ထက်ထွန်း၊ မေတိုးခိုင်၊ သင်းသဲဗို ၊ မျိုးမျိုးခိုင် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“သူချစ်ခင်” ရုပ်ရှင်ဇာတ်ကားကိုတော့ လာမယ့် စက်တင်ဘာလ(၁၃)ရက်နေ့မှစတင်ပြီး တစ်ပြည်လုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *