November 10, 2024
photo_2024-09-06_15-05-21

၆. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒက်ကာ-စစ်တကောင်းအဝေးပြေးလမ်းကြီးပေါ်တွင် ပြေးဆွဲနေသော မိုက်ခရိုဘတ်စ် ကားတစ်စီးမှာ ကိုမီလာမြို့၊ ချောက်ဒါဂရမ်နယ်မြေတွင် အခြား ဘတ်စ်ကားတစ်စီးနှင့်တိုက်မိခဲ့ရာ မိုက်ခရိုဘတ်စ် ကားပေါ်မှ ခရီးသည်လေးဦးသေဆုံးပြီး အခြားနှစ်ဦးမှာဒဏ်ရာများရခဲ့ကြောင်း သိရသည်။

ထိုယာဉ်တိုက်မှုက စက်တင်ဘာလ ၆ ရက် နံနက် ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးဒဏ်ရာရသူများ မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ရန် ရဲအဖွဲ့က စုံစမ်းလျက်ရှိပြီး သေဆုံးသူများ၏အလောင်းများကို ကိုမီလာမြို့၊ ဆေးကောလိပ်ဆေးရုံသို့ ခွဲစိတ်စစ်ဆေးရန်တင်ပို့ခဲ့ကြသည်။

ဒေသခံများက မိုက်ခရိုဘတ်စ်ကားက အဝေးပြေးလမ်းပေါ်၌ ဒက်ကာမြို့သို့သွားသောယာဉ်ကြောပေါ် တွင် ရပ်ထားစဉ် Star Line အဝေးပြေးကားကုမ္ပဏီမှ ဘတ်စ်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ခြင်းဟု ပြောခဲ့ကြ သည်။

ယာဉ်တိုက်မှုဖြစ်ပွားသောနေရာ၌ပင် ခရီးသည်လေးဦးသေဆုံးခဲ့ရပြီး အခြားနှစ်ဦးမှာလည်းဒဏ်ရာပြင်းထန်၍ ဆေးရုံသို့အမြန်တင်ပို့ခဲ့ရကြောင်းပြောခဲ့ကြသည်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *