September 20, 2024

ပုံစာ။ ချစ်သူဖြစ်သူက ဓားဖြင့်နေရာအနှံ့ထိုးသတ်ခံရသော အမျိုးသမီး၏ ရှင်သန်စဥ်ပုံရိပ် (Photo - Credit)

၆.၉.၂၀၂၄
Written by TZ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ် ( ၄) ရပ်ကွက်၊ ဦးပေါက်တံတားအနီးတွင် သမီးရည်းစားချင်းစကားများရာ ချစ်သူအမျိုးသားက ချစ်သူအမျိုးသမီး၏ ခန္ဓာကိုယ်အနှံ့ကို ဓားဖြင့်ထိုးသတ်ရာ အမျိုးသမီးဖြစ်သူ သေဆုံးသွားပြီး၊ ကျူးလွန်သူ အမျိုးသားကလည်း မိမိကိုယ်ကိုယ်ဓားဖြင့်ထိုး၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်မှာ စက်တင်ဘာလ ၄ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ဦးပေါက်တံတားအနီး၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေသူနှင့် ဒဏ်ရာရရှိသူနှစ်ဦးရှိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ ဒေသခံလူမူကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ကောင်မလေးသေတယ်။ ကောင်လေးကတော့ ဆေးရုံမှာ ဆေးကုသနေတယ်။ သူတို့က ချစ်သူတွေလို့ သိရတယ်။ ကောင်မလေးက သူနာပြုလုပ်တယ်လို့လည်း ပြောတယ်။ ကောင်လေးက ကောင်မလေးကို ဓားနဲ့ထိုးသတ်တာ။ ပြီးတော့ သူ့ကိုယ်သူလည်း ဓားနဲ့ပြန်ထိုးတာ”ဟု ဒေသခံလူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ဓားဒဏ်ရာများဖြင့် သေဆုံးသည့်အမျိုးသမီးမှာ အသက် ၂၅ နှစ်ခန့်ရှိပြီး ကျူးလွန်သည့်ရည်းစားဖြင်သူအမျိုးသားမှာ အသက် ၂၅ နှစ်ခန့်အရွယ်ရှိသာ သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းနှင့် ကျူးလွန်သည့် သူမ၏ချစ်သူဒဏ်ရာရရှိသော အမျိုးသားကို ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *