September 20, 2024

၆. ၉. ၂၀၂၄
Written by Nay Moe

ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ပြည်သူတစ်ဦးကို ဒလန်၊ ပျူစောထီးလို့ သမုတ်ပြီးသတ်ဖြတ်လိုက်တယ်လို့ NUG ဩဇာခံ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ ဝန်ခံချက်ထုတ်ပြန်လာပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မင်းကန်အုပ်စု၊ တောစုကျေးရွာက ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ဝင် ကိုအောင်ဇော်နဲ့ ကိုမောင်စိုးဆိုသူ နှစ်ဦးကို ပုသိမ်ကြီးပကဖက စက်တင်ဘာ ၄ ရက် ည ၈ နာရီကျော်မှာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ကိုအောင်ဇော်နဲ့ ကိုမောင်စိုးတို့ကို သတ်ဖြတ်အပြီးမှာ မင်းကန်အုပ်စု၊ ထုံးဘိုရွာနေ၊ တောစုကျေးရွာနေ ကိုဝင်းဇော်ဆိုသူကိုလည်း အုပ်ချုပ်ရေးမှူးရဲ့ လက်ပါးစေ ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပြီး ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ရဲ့ တစ်နေ့တည်း လူသုံးဦး သတ်ဖြတ်မှုမှာ သုံးဦးစလုံး ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

ပုသိမ်ကြီးပကဖအဖွဲ့ မနေ့ကလည်း ထုတ်ပြန်ချက်ထုတ်လာပြီး အဲဒီထုတ်ပြန်ချက်မှာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျွန်းဆင်ရွာရှိ ဦးညီလွင်ဆိုသူကို တပ်စစ်ကြောင်းတွေ အားပေးတယ်စွပ်စွဲချက်နဲ့ ဩဂုတ် ၃၀ ရက်က ဝင်ရောက်သတ်​ဖြတ်ရာမှာ ဦးညီလွင်ကျည်ထိမှန်လွတ်မြောက်သွားလို့ ဆိုင်ကယ်နဲ့ စက်လှေ လုယက်ခဲ့တဲ့အပြင် ပုသိမ်ကြီးမြို့နယ် ကျွန်းဆင်ရွာ အုပ်ချုပ်ရေးမှုး ဦးသိန်းစိုးကိုလည်း ဝင်ရောက်သတ်ဖြတ်ရာမှာ ဦးသိန်းစိုး နေအိမ်မှာမရှိလို သားဖြစ်သူကိုအပြစ်ပေး (သတ်ဖြတ်) ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အဲဒီလုယက်သတ်ဖြတ်မှုတွေအပြင် ပုသိမ်ကြီးပကဖဟာ ဩဂုတ် ၁၀ ရက် ည ၈ နာရီကလည်း ဘန့်‌မွှေးကျေးရွာက ဦးကျော်မင်းဆိုသူကို သတ်ဖြတ်ခဲ့သလို ဇူလိုင် ၂၇ ရက် မနက် ၉ နာရီကျော်အချိန်ကလည်း မစောကေသီဆိုတဲ့ အမျိုးသမီးတစ်ဦးကို ဘုရားသိမ်တောင် မိဦးကာဂျာ ကင်မွန်အနားမှာ သတင်းပေး ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *