September 20, 2024

၆.၉.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ တောင်သာရပ်ကွက်ရှိ ဆယ်အိမ်မှူး၏ သားဖြစ်သူမှ တစ်ရက်ကွက်တည်းနေသည့် အမျိုးသားတစ်ဦး၏လက်ကို ဓားဖြင့်ခုတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ စက်တင်ဘာ ၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီခွဲခန့်အချိန်တွင် ဓားခုတ်ခံရသည့်အမျိုးသားမှာ လမ်းပေါ်၌ရှိနေစဥ် ဆယ်အိမ်မှူး၏ သားဖြစ်သူက ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။

“သူတို့က သူငယ်ချင်းတွေ။ ဘယ်လိုကိစ္စတွေရှိလဲတော့ မသိဘူး။ ဓားခုတ်ခံရတော့ ညဘက်ကလက်သူကြွယ်နဲ့လက်ခလယ်တော့ ပြက်သွားတယ်”ဟု ပျဥ်းမနားမြို့တွင်နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။

ဓားခုတ်ခံရမူကြောင့် ဒဏ်ရာရရှိသည့် အမျိုးသားကို ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထိုကျူးလွန်သူအမျိုးသားကို ပျဥ်းမနားမြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ လက်ရှိအချိန်တွင် ကျူးလွန်ခံရသည့် အမျိုးသားမှာဆေးရုံတွင် ဆေးကုသမူခံယူနေသောကြောင့် အမူလာရောက်မဖွင့်ထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ MT News သို့ဖြေကြားသည်။

ဓာတ်ပုံ – မိုးစေတနာပရဟိတအသင်း နေပြည်တော် ပျဥ်းမနား(ရုံးခွဲ)

Leave a Reply

Your email address will not be published. Required fields are marked *